0.8

979 96 51
                                    

[[ Unicode ]]

ဒီနေ့ ကိုနန်းကျော် အရမ်းတွေပျော်နေသည်။ မနက်က
မြို့ကနေ စိုးကြည်ဝယ်လာတဲ့ ထော်လာဂျီအသစ်စက် စက်လေးကိုကြည့်ရင်း သူ့မှာ,သရေတမြမြဖြစ်နေရ၏။

ကားခေါင်းခန်းသည် နှစ်ယောက်စာဆန့်ပြီး၊ နောက်ဘက်တွင်တော့ အမိုးမပါ၊ ကုန်ပစ္စည်းများတင်ရသည့်အပြင် လူတွေလည်းလိုက်ပါစီးနိုင်သော အလတ်စားအရွယ် ဖြစ်သည်။ အရောင်မှာ အပြာရောင်လေးဖြစ်၏။

တရွာလုံးမှာ ထော်လာဂျီဝယ်နိုင်တဲ့အိမ်ဆိုလို့ ရွာသူကြီးဖြစ်တဲ့,ကိုယ်ရယ်၊ နောက်ပြီး ရွာထဲက အပျိုဟိုင်းသူဌေးမကြီး ဒေါ်ပြာစိန် နဲ့ အိမ်ခြံမြေပွဲစား,ဦးခွေးနီပဲ ရှိလိမ့်မည်။ ဒီတော့ ထော်လာဂျီဝယ်နိုင်တဲ့အိမ်က ရွာသူဌေးတွေလို့ဆိုရမည်။

ပြောရရင် ခုခေတ်က စီးပွားရေးတွေ အင်မတန်ကျဆင်းပြီး ကုန်ပစ္စည်းတွေ စျေးတက်နေတဲ့ခေတ်ဖြစ်တာကြောင့် ပစ္စည်းတခုဝယ်ရဖို့ဆို ရေကုန်ရေခမ်း ကြိုးစားရှာဖွေရသည်။

လူချမ်းသာ,သူဌေးတွေအဖို့ကတော့ မပြောပ,လောက်ပေမဲ့ လယ်ယာလုပ်ငန်းတွေနဲ့ တနေ့စားရှာနေရသော ရွာသူ ရွာသားတွေမှာမူ ငွေကြေးကို လိပ်ပတ်လည်အောင် စု ဆောင်းသုံးစွဲနေရ၏။

ထိုအချိန် ကိုနန်းကျော်မှာ ထော်လာဂျီဝယ်လိုက်နိုင်သောသူဌေးစာရင်းထဲပါသွားခဲ့ပါပြီ။

ရွာထဲရှိ နာရေးနှစ်ပတ်လည်ဆွမ်းသွတ်မည့် အိမ်သို့လုပ်အားပေးသွားနေသော ကိုစိုးကြည်သည် အိမ်မှာမရှိသဖြင့် နန်းကျော်တစ်ယောက် ထော်လာဂျီကို တက်စီးဖို့ရာ ချောင်းနေခြင်း။

ကိုစိုးကြည်ကဖြင့် သူ့ထော်လာဂျီကို သူမရှိချိန်,ဘယ်သူမှ တက်မစီးဖို့ အတွင်တွင်မှာကြားခဲ့ပြီး ပေါက်ပေါက်ဖောက်သွားခဲ့သည်။ သို့သော်လည်း အရေးမလုပ်သည့်ကိုနန်းကျော်ကတော့ ရွာရှေ့ပိုင်းတလျှောက် ထိုထော်လာဂျီကိုစီးကာ လှည့်လည်ရန် အသင့်ပြင်နေတော့၏။

ထို့ကြောင့် သူ့အကြောင်း ကြိုသိနေပါသော ကိုစိုးကြည်မှာလည်း ကားသော့အား ဗီရိုထဲသော့ခတ်ပြီးသိမ်းထားခဲ့သည်။

ဗိုလ်ဂျမ်းထယ်Where stories live. Discover now