Arc 1 : Mr. Aရဲ့ဈာပန

256 52 0
                                    

Unicode

Chapter 2 - လူသတ်သမား
(ဘယ်သူက ဘယ်သူ့ကိုသတ်တာလဲ)

ရှန်သုန့်ချင်းသည် မူလနေထိုင်သူအား လေးလေးနက်နက် နှုတ်ဆက်လိုက်သည်။

မူလနေထိုင်သူမှာ အနည်းငယ်ရှက်တတ်ပုံရသည်။ သူ့(ရှန်သုန့်ချင်း)လက်ကို ဆုပ်ကိုင်လိုက်ပြီးနောက် သူ၏ဖြူဖပ်ဖြူရော်မျက်နှာမှာ ပြာသွားပြီး သူ့မျက်လုံးတွေက မျက်လုံးပေါက်ကနေ ထွက်လာတော့မလိုပင်။

ရှန်သုန့်ချင်းသည် သူ့လက်အား အလျင်အမြန်လွှတ်လိုက်သည်။"တောင်းပန်ပါတယ်..."

သူသည် မကြာသေးမီကမှ လူဖြစ်လာသောကြောင့် ရက်စက်ကြမ်းကြုတ်သော သရဲတစ်ကောင်အနေဖြင့် သူ၏ခွန်အားကို အပြည့်အ၀ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ၊ သူ၏ ပြုမူချက်များသည် ပေါ့လည်းမပေါ့ပါးသလို လေးလံမှုလည်း မရှိခဲ့ပေ။

ဓါတ်ပုံဘောင်သရဲသည် လွတ်မြောက်သွားပြီးချက်ချင်းပင် ထွက်ပြေးသွားပြီး မီးခိုးငွေ့တန်းကဲ့သို့ အဖြူအမည်းဓာတ်ပုံထဲ အရှိန်ဖြင့်ပြန်ရောက်သွားခဲ့သည်။

ရှန်သုန့်ချင်းသည် သူ့လက်ကို ၀မ်းနည်းစွာ ပွတ်သပ်လိုက်သည်။

သူ လူဖြစ်လာသည်မှာ နှစ်တစ်ထောင်ရှိပြီဖြစ်ပြီး အချိန်အတော်ကြာသည်အထိ လူသားမဖြစ်ခဲ့ရတဲ့နောက် လူသားဖြစ်လာသည့်အပေါ် သူလိုက်လျောညီထွေမဖြစ်တော့ပေ ။ သူသည် သာမန်လူသားတစ်ယောက် မည်သို့မည်ပုံဖြစ်သင့်သည်ကို သိပြီး သူတွေ့ဆုံခဲ့သောလူများ၏ အပြောအဆို၊ အပြုအမူနှင့် အမူအကျင့်များကို လေ့လာသင်ယူရုံသာ တတ်နိုင်သည်။

ထို့ကြောင့် သူ ကုတင်ပေါ်လှဲချလိုက်ပြီး ဖုန်းကို မြှောက်လိုက်သည်။

အထက်တန်းကျောင်းသူမိန်းကလေးအဆိုအရ၊ ဤနေရာတွင် signalမရှိသောကြောင့် ကစား၍မရသော ဂိမ်းအနည်းငယ်ရှိနေသည်။

ရှန်သုန့်ချင်းသည် နောက်ဆုံးတွင် သူကစားနိုင်သည့် ဂိမ်းတစ်ခုဖြစ်သည့် မိကျောင်းလေးက ရေချိုးသွားရတာကြိုက်တယ်ကို ရှာတွေ့သည်အထိ သူ့ဖုန်းကို လှန်လှောလိုက်ရသည်။ သူသရဲတစ်ကောင်ဖြစ်နေစဉ်အခါက လူတွေဂိမ်းကစားနေတာတွေ့တဲ့အချိန်ဆိုလျှင် အလွန့်အလွန်မနာလိုဖြစ်ခဲ့ရသည်။ ကံမကောင်းစွာဖြင့်် သူ၏လှူဖွယ်ပစ္စည်းကို မည်သူမျှ မီးမရှို့ပေးခဲ့သည့်အတွက် အီလက်ထရွန်နစ်ကိရိယာများကိုပင် မထိနိုင်ခဲ့ပေ ။ ဤသည်က သူ့ကို ပွဲကြည့်ပရိတ်သတ်တစ်ဦးမျှသာ ဖြစ်စေခဲ့သည်။အခု နောက်ဆုံးတော့ သူ့မှာ ကစားဖို့အခွင့်အရေး ရခဲ့ပြီဖြစ်သောကြောင့် အိပ်ယာပေါ် လှဲပြီး ညသန်းခေါင်ထိတိုင်အောင် ကစားပစ်ခဲ့သည်။

လူဖြစ်ချင်တဲ့ သရဲလေးWhere stories live. Discover now