0.7

1K 103 43
                                    

[[ Unicode ]]

ကိုစိုးကြည်ကို စိတ်ဆိုးပြီး အိမ်က မမှည့်တမှည့် ရင်ကွဲသီးတွေ ၁၀လုံးလောက်ခူးလို့ ညီအကို၃ယောက်ပေါင်းပြီး စိတ်ကြိုက်သုပ်စားခဲ့တာ ၊အိမ်သာထဲက မထွက်ရတော့။ အိမ်သာ၂လုံး ပူးကပ်ဆောက်ထားပါသော်လည်း သူငါအပြိုင် လုတက်နေရသည်။

ထမင်းတွေမစားနိုင်ဘဲ အိမ်သာချည်း ခေါက်တုံ့ခေါက် ပြန်တက်နေရတာ ၃ယောက်လုံး မြော့မြော့ပဲရှိတော့၏။ အိမ်နောက်ဖေးတဝိုက် တဘူဘူသံများ, အပုပ်နံ့များလည်းလှိုင်ထနေတော့သည်။

ကိုနန်းကျော်နှင့် ကိုစိုးကြည်မှာ နှာခေါင်းတရှုံ့ရှုံ့။ စကားပင် မပြောရဲသည့်အခြေအနေ။ ထိုညီအစ်ကိုတွေအား စကားစ,ပြောလိုက်ရုံဖြင့် အီးသံက အရင်ထွက်လာနေသောကြောင့်။ အီးမှိုင်းမှ လွတ်အောင် အခန်းထဲဝင်နေလိုက်ရ၏။

"ငါသေတော့မယ်ကွာ...အားး...ငါ့ဗိုက် !"

ဂွီ ဂွီ ဂွီ !!!

တရစ်ရစ်နာလာသော ဗိုက်ကိုဖိရင်း အိမ်သာတံခါးဝတွင်
တစ်နေသောကြည်မင်းကို မြန်မြန်ဆွဲဖယ်လို့ အိမ်သာထဲ အလျင်စလိုပြန်ဝင်လိုက်ရသော သကြား။ ဒီတခါအိပ်ရာထဲ မကွေးနိုင်တော့ပါ။ အိပ်ချင်စိတ်ဆိုတာ လားလားမျှမရှိ။

အဟုတ်ကတော့ ဘေးချင်းကပ်အိမ်သာမှာ တဘူဘူနဲ့ လွှတ်ပါနေတော့သည်။ အိမ်သာထဲက ထွက်မလာသေး တာလည်း အတော်ပင် ကြာနေချေပြီ။

"အမလေးးး ! ကယ်ကြပါဦး အဖေတို့ရေ၊ ကျွန်တော်တို့သေရပါတော့မယ်...အားး...ကိုအဟုတ်ရေ မြန်မြန်ပါကွာ ငါဒီမှာ ထွက်တော့ကွ..အာ့..ဘူ !..ဖင်ဝမှာတစ်နေပြီ..ချီး!"

တခါးကို တဘုန်းဘုန်းထုပစ်လိုက်တော့ အဟုတ်က
အိမ်သာတံခါးဖွင့်လာသည်။ တကိုယ်လုံး ချွေးတွေပြန်နေပြီး အသက်ဝအောင်ရှူနေရ၏။

ကြာရင် သူ ဆေးရုံရောက်ရပါတော့မည်။ ဖေကြီးစိုးကို အရွဲ့တိုက်ကောင်းတာ ကံကြီးထိုက်သွားပြီ ထင်ပါရဲ့။

အရမ်းကို မှားသွားပါတယ်။ နောင်တကြိမ် ဘယ်သော အခါမှ အိမ်ကသရက်သီးကို သွားမထိတော့ပါ။ တော် တော် ကောင်းကျိုးပေးတဲ့အသီး။ လူက မသေရုံတမယ်။
ဒလဟောကို ချီးထွက်နေတော့သည်။

ဗိုလ်ဂျမ်းထယ်Where stories live. Discover now