0.6

1K 93 53
                                    

[[ Unicode ]]

သတိပြန်ရလာတော့ လူက King Size ကျွန်းကုတင်ကြီးထက်မှာ။

ကျယ်ဝန်းသည့်အခန်းဖြစ်ပြီး ပရိဘောဂပစ္စည်းတွေမှာ တောက်ပြောင်သန့်ရှင်းလို့။ အရာအားလုံး သစ်လွင်နေပြီး အခန်းအရောင်မှာ ညိုမှိုင်းမှိုင်း။

လေပြေများတိုးဝှေ့နေသဖြင့် ပြတင်းငယ်၏အညိုရောင်လိုက်ကာစ,သည် တလွင့်လွင့်။ အပြင်ဘက်တွင် စိမ်းစိုစိုလယ်ခင်းကြီးအားမြင်နေရသည်မှာ စိတ်တော့အေးချမ်းစရာ။

သို့သော် သွေးထွက်သံယိုမြင်ကွင်းသည် ခပ်ယေးယေးပေါ်လာရပြန်၏။ ကြောက်ပါတယ်ဆိုမှ။ စိတ်ထဲထုတ်
မရနိုင်အောင် ဆွဲနေတာခက်သားရယ်။

တဆိတ်! ခုရောက်နေတာ ဘယ်နေရာပါလိမ့်? မဟုတ်မှလွဲရော ဓားပြဗိုလ်ရဲ့အိမ်မှာများလား။

တွေးလို့မှမဆုံးသေး။ လင်ဗန်းတစ်ခုကိုကိုင်ပြီး အခန်းထဲဝင်လာသော ထိုလူကြမ်း။ ကုတင်ဘေးနား၏စားပွဲခုံတွင် တင်ထားလိုက်ပြီး ထိုလူက ကုတင်စွန်းတွင်ဝင်ထိုင် သည်။

"အရမ်းလန့်သွားခဲ့တာလား?"

ကုကုစံ ခေါင်းငုံ့လိုက်မိ၏။ ကိုယ့်ကိုစိုက်ကြည့်ပြီးမေးလာသော ထိုလူ့အကြည့်တွေကို ရင်မဆိုင်ရဲသေးပါ။

ခေါင်းတချက်ညိတ်ပြလိုက်တော့ ထိုလူက ဘယ်ဘက်လက်ဖမိုးပေါ်အုပ်ကိုင်လာပြီး...

"ကျုပ်ကို စကားပြန်ပြောပါဦးလား? ကျုပ် မင်းအသံဘယ်လိုလေးလဲဆိုတာ ကြားချင်မိတယ်လေ"

ပြောပုံက နူးနူးညံ့ညံ့။ လေသံက တင်းမာနေတာမျိုးမဟုတ်ဘဲ ခပ်လျော့လျော့,တိုးတိုးမျှသာ။

"ကျုပ်က ဓားပြဖြစ်နေလို့ဆိုပြီး သိပ်မကြောက်ပါနဲ့၊ မင်းနဲ့ပတ်သတ်ရင် ကျုပ်,ညင်သာနိုင်တဲ့လူပါ"

ဓားပြသာမဟုတ်ခဲ့ရင် ရုပ်ရည်နှင့် ဤအပြောတွေက ပစ်ကြွေချင်စရာType။ သို့သော်ငြားလည်း ဓားပြက ဓားပြပဲမို့ ကြောက်စရာကောင်းနေတုန်းပင်။

ကုကုစံ ထပ်ပြီး ခေါင်းညိတ်ပြလိုက်မိတော့ ထိုလူ့မျက်ခုံးတန်း တွန့်ချိုးသွားရကာ ...

ဗိုလ်ဂျမ်းထယ်Where stories live. Discover now