0.4

1.1K 108 75
                                    

[[ Unicode ]]

လမ်းတလျှောက်လုံး မရပ်မနားပေါက်ပေါက်ဖောက်နေသောအဟုတ်။ ရွာဦးကျောင်းအနီးတွင်ရှိသော စိန်ပန်းပင်ကြီးနားသို့ရောက်သောအခါ...

"စိန်ပန်းပွင့်ချိန် ကျောင်းဖွင့်ချိန်တဲ့...နွေဦးရာသီကနေ မိုးဥတုထိ ဝေဝေဆာအောင် ပွင့်တဲ့ပန်း...အမွှေးနံ့မရှိပေမဲ့လည်း ရဲရဲနီအောင်ပွင့်နေပုံက ကြည်နူးစရာကောင်းပြီး သိပ်လှတယ်...ကျောင်းသားဘဝတုန်းက ငါနဲ့ ငါ့ငယ်ရည်းစား ဒီအပင်ကြီးအောက်မှာ ချိန်းတွေ့ပြီး ဆော့ကစားခဲ့တာတွေ ... တကယ့်အမှတ်တရပဲကွာ...ပြောရင်းနဲ့တောင် ငိုချင်လာပြီ...ကတောက်"

စိန်ပန်းပင်ကြီးကို ငေးကြည့်ရင်း အဟုတ်က အတိတ်ဟောင်းတွေကို လွမ်းဆွတ်တမ်းတလို့ အောက်မေ့ပြန် ၏။ မောင်သကြားမှာတော့ ဒီစိန်ပန်းပင်ကြီးနားရောက်တိုင်း ခဏခဏပြောလာတဲ့ ရှေးဟောင်းနောက်ဖြစ်တွေကို နားရည်ဝနေပြီမို့ ဘာမှမပြောဘဲ ငြိမ်နေလိုက်သည်။

"ဝေးး...နောင်ကြီးတို့...ဘယ်သွားကြမလို့လဲ?"

ရပ်ရွာရဲ့ပါလေရာငပိချက် မောင်သာဗြောက သူတို့အားတွေ့တော့ မနီးမဝေးကနေ နှုတ်ဆက်လာသည်။

ထိုအခါသကြားသည် လက်ထဲမှ ဆွမ်းချိုင့်ကြီးကို မမြင်ဘူးလားဟုဆိုကာ စိတ်ထဲမှငေါက်ပစ်လိုက်၏။

ဆွမ်းချိုင့်ဆွဲထားမှတော့ ဘုန်းကြီးကျောင်းသွားမလို့လေ။အဲ့ဒါကို သူ မတွေးတတ်ဘူးလား?

"ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်သွားပို့မလို့လေ"

"ကောင်းပါပြီဗျာ...အရက်လေးလည်းသောက် ကုသိုလ်လေးလည်း လုပ်ပေါ့နော့"

အဟုတ် မျက်နှာမဲမှောင်သွား၏။ ဒီကောင်က သူ့ကိုဖဲ့လိုက်တာ။ တခါတလေလေး အရက်သောက်မိတာကို
ပြောလို့ကို မဆုံးနိုင်တော့ဘူး။ ပရဟိတအသင်းဝင်ဖြစ်တာနဲ့ပဲ အရက်ကို ရာသက်ပန်စွန့်လွှတ်ပစ်စရာလား။ လူပဲလေ။ အဆင်မပြေမှုတွေရှိတော့လည်း အရက်ကလေးနဲ့ ဖြေသိမ့်ရတာပေါ့။

"အဟုတ်...မင်း သောက်နေပြန်ပြီလား?"

သာဗြောစကားကြောင့် သကြားက အဟုတ်ကိုစစ်လားဆေးလားလုပ်လာသည်။

ဗိုလ်ဂျမ်းထယ်Where stories live. Discover now