0.3

1.2K 104 59
                                    

[[ Unicode ]]

တအိမ်သားလုံး ငူငိုင်နေမိကြသည်။ သို့သော် မောင်သကြားကတော့ အိပ်ရေးမဝလို့ဆိုပြီး အိပ်ရာထဲပြန်ကွေးနေပေ၏။

ကြည်မင်းမှာ ဓားပြတအုပ်ကို ဘယ်လိုတွန်းလှန်ရမလဲဆိုကာ ကွပ်ပျစ်ပေါ်တွင်ထိုင်ရင်း ကြိုးစားပမ်းစား ဦးနှောက်ကိုအလုပ်ပေးနေရှာသည်။

စပါးကျီထဲ ဥစ္စာတွေသွားဖွက်ထားသော က်ိုစိုးကြည်ကဖြင့် စိတ်မလုံသလိုခံစားနေရကာ တခြားနေရာ၌မြေကျင်းတူးပြီး မြှုပ်ဖို့ကို တွေးတောနေလျှက်။

ကိုနန်းကျော်သည်လည်း အိမ်တံခါးဝတွင် စိတ်ပျက်လက်ပျက်ထိုင်နေပြီး သက်ပြင်းအခါခါချလို့ ရင်မောနေချေသည်။ အဟုတ်ကတော့ ကုကုစံဘေးနားမှာနေ၍
ဓားပြဗိုလ်လက်ထဲရောက်တော့မည့် သူ့ညီလေးကို
ဝမ်းနည်းတသကြည့်ရင်း နှစ်သိမ့်ပေးလို့နေ၏။

"ကျွန်တော်ကြောက်တယ် ကိုလတ်ရာ...အဲ့ဒီဓားပြဗိုလ် ကြီးနောက် လိုက်မသွားချင်ဘူး...ကျွန်တော်ထွက်ပြေးလိုက်ရမလားဟင်"

"ငါလည်း ဘယ်လိုလုပ်ပေးရမှန်းမသိတော့ပါဘူး ကုကုရယ်....မင်းထွက်ပြေးလိုက်ရင် အခြေအနေပိုပြီးဆိုးသွားမလား မပြောတတ်ဘူး"

အဟုတ်လည်း အကြံမထုတ်နိုင်။တော်ကြာနေ အိမ်ကိုမီးနဲ့ရှို့လိုက်မှ ငါးပါးမှောက်နေရပါမယ်။ ညီငယ်လေးကိုလည်း ဓားပြလက်ထဲမထည့်ချင်တာ အမှန်။ဒါပေမဲ့လည်း သူကြီးဖြစ်တဲ့ဖေကျော်တောင် ခေါင်းမရှောင်နိုင်တာ အဟုတ်က ဘာများတတ်စွမ်းနိုင်မှာတဲ့လဲ?

"ဟင့်...ကုကုစံရဲ့ဘဝကတော့ ရေနက်နစ်တော့မယ်ထင်ပါတယ် ကိုလတ်ရယ်...ရေတိမ်နစ်တာထက် ပိုဆိုးပါတယ်...ဓားပြလက်ထဲမှာ လုံးပါးပါးရတော့မယ်ထင်ပါရဲ့...ရွှတ်"

မျက်ရည်ဥတွေပိုးပိုးပေါက်ပေါက်ကျရင်း ကုကုစံက
ငို​ကြွေးတော့သည်။ အဟုတ် သူ့ခေါင်းလေးကိုပွတ်သပ်ပြီး ချော့မြူနေစဥ်...

"ကုကု...ညီလေး...ငါ့မှာအကြံတွေရှိတယ်...ခုလောလော ဆယ်တော့ သူ့သဘောကို ငါတို့မဆန့်ကျင်နိုင်သေးလို့
ကုကုက သူ့နောက်ကိုလိုက်သွားလိုက်...သိပ်မကြာခင်မှာပဲ ငါတို့က သူ့လက်ထဲကနေ ကုကုကိုမရရအောင် ပြန်ကယ်ထုတ်မယ်...ငါတို့မှာ တခြားလုပ်နိုင်တာမရှိသေးတော့ အခု သူပြောသလိုပဲလုပ်နေရမယ်..သိလား"

ဗိုလ်ဂျမ်းထယ်Where stories live. Discover now