0.2

1.2K 113 44
                                    

[[ Unicode ]]

"မင်းတို့၂ယောက်လုံး ထ,လာခဲ့ကြတော့...ဓားပြတွေသာ စိတ်လက်တဆစ်ဆို အကုန်လုံးကျုံးခံထိနေလောက်ပြီ"

တံခါးဝနားမှာ မောင်ကြည်မင်းက ခါးထောက်လျှက်သား။ အော်ခေါ်လိုက်တော့ ကုကုစံသည် သကြားကို
လှုပ်နိုးလိုက်၏။

"ကိုကိုကြီးရဲ့လိမ္မော်သီးခင်း မီးလောင်နေပြီ..ထ, ထ!!"

အလန့်တကြားဖြင့် နားအနားကပ်ပြီး အော်ပစ်လိုက်သည်။

"ဟမ် !! မီးလောင်နေတာ !! ပြာကျသွားပြီလား?"

ဆတ်ခနဲ ထ,ထိုင်ပြီး မျက်ကလူးဆန်ပြာပင်၊ ကုကုစံကိုပါးစပ်အဟောင်းသားဖြင့် ကြည့်လာပြီး သူထိတ်လန့်သွားရ၏။

"ခစ်ခစ်...တကယ်မဟုတ်ဘူး...ကိုကိုကြီး နိုးသွားအောင် တမင်ပြောလိုက်တာ"

စနောက်လိုက်ရသဖြင့် ကျေနပ်သွားသော ကုကုစံက သဘောတကျပြုံးရယ်လို့။ မောင်သကြားရှုတည်တည်ကြည့်လိုက်ပြီး...

"Yarr...မင်းတော့ သေတော့မယ် !"

"ထတော့ဗျာ...ဖေကျော်က ဓားပြတွေကိုတွေ့ဖို့ဆိုပြီး
အသည်းအသန်ခေါ်နေတယ်"

ကုကု နှုတ်ခမ်းလေးဆူထွက်နေပြီး စိတ်ညစ်သွားရသည်။

"ခုမှ ၁၂နာရီ ညည့်နက်သန်းခေါင် လူအိပ်ချိန်ကြီးကို..
အဲ့ဓားပြတွေက အသိတရားမရှိကြဘူးလား? ငါ့နှယ်ကောင်းကောင်းတောင် မအိပ်ရဘူး...အိပ်ရေးပျက်လိုက်တာ...မနက်မှ ပြန်လာခိုင်းလို့ မရဘူးလား?"

ဓားပြလာတိုက်ပါတယ်ဆိုခါမှ နေ့ညရွေးပြီး သူအိပ် ရေးဝတော့မှ တွေ့ဖို့ပြန်ချိန်းနေသော မောင်အိပ်နိုင်။ နာမည်နဲ့ လိုက်ဖက်ပါပေရဲ့။ ဖေကျော်တို့ကလည်း ပေးတတ်တယ်။ နာမည်ကပဲ လူကိုစီးနေတာလား?လူကပဲ နာမည်စီးသွားသလား မသိပါ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဓားပြလာတိုက်ပါတယ်ဆိုခါမှ နေ့ညရွေးပြီး သူအိပ် ရေးဝတော့မှ တွေ့ဖို့ပြန်ချိန်းနေသော မောင်အိပ်နိုင်။ နာမည်နဲ့ လိုက်ဖက်ပါပေရဲ့။ ဖေကျော်တို့ကလည်း ပေးတတ်တယ်။ နာမည်ကပဲ လူကိုစီးနေတာလား?
လူကပဲ နာမည်စီးသွားသလား မသိပါ။

ဗိုလ်ဂျမ်းထယ်Where stories live. Discover now