[[ Unicode ]]
"ရွာသူကြီး ဦးနန်းကျော်...အခုချက်ချင်းထွက်လာခဲ့!!!"ဓားပြဗိုလ်ကြီး၏ ဘယ်လက်ရုံးကောင်လေးမှာ ကိုနန်းကျော်အား ခက်ထန်နေသောအသံနှင့်အော်ခေါ် သည်။ ထို့နောက်မိုးပေါ်အား သေနတ်တချက်ထောင်ပစ်ပြီး အသံပေးလိုက်၏။
ထိုခေါ်သံမှာ တအိမ်သားလုံးကြားစေနိုင်သည်။
ကိုနန်းကျော် သေနတ်ရှည်ကြီးကို စလွယ်သိုင်းထားရင်း မျက်နှာကရှုံ့မဲ့လို့။ ခေါင်းထဲအချက်ပေးသံတွေညံသွားရ၏။အကယ်၍ အိမ်ပြင်ထွက်သွားလိုက်ရင် သူသေမှာလား မသေဘူးလား? ဆိုတာကို တွေးကြောက်နေပေသည်။
ကျန်တဲ့မိသားစုဝင်တွေမှာလည်း အသံတိုးတိုးမျှ
မထွက်။ အပ်ကျသံမကြားရလောက်အောင်ပင် တိတ်ဆိတ်ကာ ငြိမ်သက်နေကြ၏။အတော်ကြာတဲ့ထိ ရွာသူကြီး အိမ်ထဲကထွက်မလာသေးသောကြောင့် ထိုလက်အောက်ငယ်သားကောင်လေးမှာ အသံထပ်ပြုလိုက်သည်။
"ရွာသူကြီး !...ခင်ဗျားအိမ်ထဲမှာရှိနေတာ ကျုပ်တို့သိတယ်နော်၊ အခုခေါ်နေလို့မှ ထွက်မလာရင် ခင်ဗျားအိမ်ကို မီးရှို့ပစ်မယ်"
ကြိမ်းမောင်းသံကို ထပ်ကြားလိုက်ရသောအခါ ကိုနန်းကျော် တုန်လှုပ်ကာ စိတ်ခြောက်ခြားသွား၏။မဖြစ်ပေတော့။ တသက်နဲ့တကိုယ် စုဆောင်းလာခဲ့ရ သမျှအကုန်လုံး ဒီအိမ်လေးကို သေချာဆောက်ထားရတာ။ မီးလောင်တော့မခံနိုင်ပါ။
ရိုင်ဖယ်သေနတ်ကိုတင်းကျပ်ကျပ် ကိုင်ထားရင်း အိမ်တံခါးမကြီးအား ဖွင့်ပစ်လိုက်တော့သည်။ကြောက်ရွံ့မှုကြောင့် သူ့တကိုယ်လုံး ခြေဆုံးခေါင်းဆုံး ချွေးစေးတွေ ပြန်နေတော့၏။
တံခါးဝမှာတင် ခေါင်းကိုငုံ့ထားပြီး အငြိမ်ရပ်နေမိ သည်။ ထိုဓားပြအုပ်စုကို နန်းကျော် မကြည့်ရဲပါ။
ရွာသူကြီးလုပ်ခဲ့တာကို အကြီးအကျယ်နောင်တရမိသွားသည်။ သူသည် အားကောင်းမောင်းသန်ခန္ဓာ ကိုယ်နှင့် အားကိုးရလောက်တယ်ဆိုသော်လည်း ထင်သလောက်တော့ မဟုတ်။
သူကြီးဖြစ်လာခဲ့ခြင်းမှာ ခင်ပွန်းဖြစ်သူ,ကိုစိုးကြည်က အတင်းတိုက်တွန်းခဲ့လို့သာ၊ထို့အပြင် သေသွားရှာပြီဖြစ်သောအဖေကလည်း သူ့နေရာကို သားဖြစ်သူ ကိုယ့်ကိုသာ အမွေပေးခဲ့ခြင်း။ရပ်ရွာက မဲဆန္ဒနဲ့ တင် မြှောက်မဲ့ လူကိုမရွေးပါဘဲ မိမိကိုသာ ယုံကြည်ပြီး ရွာသားတွေကိုလည်း ယုံကြည်စေဖို့ပြောပြီး သူကြီးအဖြစ် ခန့်အပ်ခဲ့တာဖြစ်သည်။

YOU ARE READING
ဗိုလ်ဂျမ်းထယ်
Fanfiction- VKOOK FANFICTION - COMPLETED ဗိုလ်လူကြမ်းတစ်ယောက် ချစ်မိသောအခါဝယ်... Kim Taehyung x Jeon Jungkook [ This story is just my imagination.Read At Your Own Risk! ] Start Date : 8 / 8 / 2023 End Date : 2 / 9 / 2023