[ Unicode ]]
၁၉၈၁ ခုနှစ် : စစ်တပ်အာဏာသိမ်းပြီးချိန် //
စစ်အာဏာရှင် သမ္မတ,ချန်ဒူးဝမ်လက်ထက်...အနယ်နယ်အရပ်ရပ်၌ စစ်အာဏာဆန့်ကျင်သည့်တော်လှန်ရေးလှုပ်ရှားမှုတွေနှင့် တိုင်းပြည် မငြိမ်မသက်ဖြစ်နေချိန်။
ကြမ်းတမ်းစက်စုပ်ဖွယ်ရာကောင်းသည့် နည်းဥပဒေ
များဖြင့် တိုင်းသူပြည်သားများ ညှင်းပန်းနှိပ်စက်ခံနေရပြီး စီးပွားရေးအခြေအနေသည်လည်း ဆုတ်ယုတ်ကျဆင်းလာရာ ပြည်တွင်း,သူခိုးဓားပြများ၏သတ်ဖြတ်လုယက်မှုကိုပါ တဖန်.ခါးစည်းခံနေရ၏။ဘူဆန်မြို့အနီးရှိ ဘွန်ဂါကျေးရွာ //
အရေးခင်းများနှင့်အုတ်အုတ်ကျက်ကျက်ဖြစ်နေကြသော်လည်း လူနေထိုင်မှုနည်းပါးသည့် ထိုရွာလေးမှာ ဆူပူသောင်းကျန်းခြင်းမရှိသေး။ အုပ်ချုပ်မှုကောင်းသည့် ရွာသူကြီးနှင့် ရပ်ရွာလေးမှာတည်ငြိမ်အေးချမ်းနေဆဲ။
သို့သော် ရွာသူကြီးအသစ်တယောက်ပြောင်းပြီး
တပတ်ခန့်အကြာ၊ တနေ့တွင်တော့ ..."အားးး ! .... ပြေးး ပြေးး ပြေးးကြ !! မြို့ထဲကို ဓားပြတွေဝင်လာပြီ !...အဲ.ရွာထဲကို ဓားပြတွေဝင်လာပြီ ! ကယ်ကြပါဦးဗျို့ !!!!"
ရေနံဆီမီးအိမ်ကို လက်တဖက်က ကိုင်ဆွဲရင်း
တရွာလုံးကြားအောင် ငယ်သံပါသည်အထိအော်ပြီး
လယ်ခင်းထဲမှ သုတ်သုတ်ပျာပျာပြေးထွက်လာသော ရွာသူကြီးသား မောင်အဟုတ် (ခ) မောင်ခွက်ပုန်း။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ဒိုင်းး ဒိုင်းး ဒိုင်းး....
အဆက်မပြတ် သေနတ်ပစ်သံသည် တဒိုင်းဒိုင်း။
မြင်းတအုပ်၏မြင်းခွာသံမှာ ညံစီနေလျှက်။ ရွာထဲသို့
အရှိန်အဟုန် ဝင်လာကြသော ဓားပြအုပ်စု။

YOU ARE READING
ဗိုလ်ဂျမ်းထယ်
Fanfiction- VKOOK FANFICTION - COMPLETED ဗိုလ်လူကြမ်းတစ်ယောက် ချစ်မိသောအခါဝယ်... Kim Taehyung x Jeon Jungkook [ This story is just my imagination.Read At Your Own Risk! ] Start Date : 8 / 8 / 2023 End Date : 2 / 9 / 2023