Part 15

994 44 8
                                    

ရုတ်တရက် ပြတ်တောက်သွားတဲ့မီးကြောင့်
ဝမ်ရိပေါ်မှာ သူ့ပေါက်စကို အစိုးရိမ်လွန်ကာ ဧည့်ခန်းရှိရာကို အပြေးအလွှားရောက်လာခဲ့တယ်
ထင်တဲ့အတိုင်းပဲ သူ့ပေါက်စက နားနှစ်ဖက်ကိုအုပ်လို့ တုန်ယင်နေတဲ့ ကိုယ်လုံးလေးနဲ့
ဝမ်ရိပေါ်မှာ အလျင်အမြန်
ပွေ့ဖက်ကာ ပေါက်စအား သူရှိကြောင်း အသိပေးလိုက်တယ်

"ရှောင်းကျန့် မကြောက်နဲ့
မီးပျက်သွားရုံပဲ "

"ဝမ်ရိပေါ်ကြီးလား "

အသံအက်အက်ကလေးထွက်လာပြီး
အားကိုးတကြီးဖက်တွယ်လာတာမို့ သူ့ပေါက်စအတွက် စိတ်မကောင်းနိုင်
မီးပျက်သွားတာက ထားလိုက် သူ့ခြေထောက်အောက်နားက ပန်းအိုးကွဲစတွေက ဘယ်လိုဖြစ်တာလဲ
သူထင်သလို ဒီစံအိမ်ကြီးက တကယ်ပဲ မရိုးရှင်းဘူးထင်တယ်
နောက်ပြီး အဖြစ်အပျက်တွေက ပေါက်စဆီကိုပဲ ဦးတည်နေခဲ့တာဆိုတော့
ပိုပြီး စိတ်ဝင်စားဖို့ကောင်းသွားပြီ

"ကိုယ်တို့အခန်းထဲ ခေါ်သွားပေးမယ်"

ရင်ခွင်ထဲမှ ခေါင်းတဆတ်ဆတ်ညိတ်ပြီး နာခံနေသူလေးအား
ဝမ်ရိပေါ်မှာ အဲ့ဒီပုံအတိုင်းလေးပင် ပွေ့ချီလျက်
အဆိုးလေး အာရုံပြောင်းသွားစေရန်အလို့ငှာ

"ကိုယ့်ကို စိတ်ဆိုးပြေသွားပြီလား
ရှောင်းကျန့်က "

"ဘယ်တုန်းကလဲ
ဝမ်ရိပေါ်ကြီးကို စိတ်မဆိုးမိပါဘူး"

"အစောကလေ ကိုယ်ရေချိုးလိုက်လို့ စိတ်ဆိုးသွားတာမလား
ရေချိုးခန်းထဲမှာ လွှင့်ပစ်ထားတာတွေ တွေ့တယ်
အမှန်က ကိုယ်အရမ်းဖျားနေတာ မဟုတ်ပါဘူး နေလို့ထိုင်လို့ မကောင်းရုံတင် "

"လိုရာဆွဲတွေးမနေနဲ့ ဝမ်ရိပေါ်ကြီး
အဲ့တာတွေက Date ကုန်သွားလို့ ပစ်လိုက်တာ "

ရင်ခွင်ထဲမှ အရကို ငြင်းနေတဲ့အကောင်ပေါက်လေးကြောင့် ဝမ်ရိပေါ်မှာ ခပ်ပြုံးပြုံး
သူ Expire Dateကြည့်ခဲ့ပါသေးတယ်လို့ မပြောတော့ပါဘူး
အဆိုးလေး ရှက်သွားမှဖြင့်
စိတ်ပူရင်ပူတယ်ပေါ့ အကျောက်အကန်ငြင်းမယ့် ဟာလေး

"အိပ်လိုက်တော့ ရှောင်းကျန့် မနက်လည်း ကျောင်းသွားရအုံး အိပ်ပျော်အောင်အိပ်လိုက်
ကိုယ်ဘေးနားမှာ ရှိတယ် "

မပြယ်သော အငြိုး [အဆက်]Where stories live. Discover now