"ဟားဟားဟားး မှန်နေတာပဲ..ကဲ..အဲ့တော့ဘာဆက်ဖြစ်လဲပြောပါဦး.."
"အဲ့တော့ကွာ..သူ့အိမ်ကသူ့မိသားစုတွေရယ်၊ငါ့မိဘတွေနဲ့ ရပ်ကွက်လူကြီးတစ်ယောက်နှစ်ယောက်က ငါ့အိမ်ရောက်လာတာပေါ့..ငါလဲ သူတို့တံခါးလာခေါက်မှနိုးတာ..ကျစ်!!တကယ်ပဲကွာ...လူငယ်ဘဝကိုအေးဆေးဖြတ်သန်းချင်ပါတယ်ဆို ယောက်ျားကရလိုက်သေးတယ်...စိတ်ညစ်တယ်ကွာ..."
"အစ်ကိုခွန်းကလူကောင်းလေးပါကွာ...အိမ်မှုကိစ္စလဲနိုင်နင်းတယ်..ဟင်းလဲချက်တတ်တယ်..ရိုးလဲရိုးသားတယ်...မင်းကသာသူ့ကိုမကြိုက်တာ၊သူကတော့ မင်းကိုကြိုက်နေတာတစ်ပိုင်းကိုသေလို့...ဘေးကငါတို့တောင်သိတယ်..."
မြတ်အောင်ပြောတော့ ထူးသက်ကပါဝင်ထောက်ခံလာသည်။
"ဟုတ်တယ် ဟေ့ရောင်....အစ်ကိုခွန်းက မင်းကိုကြိုက်နေတာကြာပြီ၊ ဒါကိုငါတို့အားလုံးလဲသိတယ်..မင်းပဲမသိတာလား...... မသိခြင်ထောင်ထောင်နေတာလားတော့ ငါတို့လဲမသိဘူးပေါ့"
"အဲ့တာတွေထားပါ။ ဒီတစ်ခါတော့မင်းကိုမကူညီနိုင်တော့ဘူး..သားကြီးရာ..စိတ်မကောင်းပါဘူး..."
ဇေယံက စိတ်မကောင်းစွာပြောလိုက်သည်။
"ရပါတယ်ကွာ..ဖြစ်လာမှတော့ ဘယ်တတ်နိုင်ပါ့မလဲ မဟုတ်ဘူးလား..?"
"ဟုတ်တယ် သားကြီး...လာ ခွက်တိုက်ရအောင်.."
မြတ်အောင်က Juiceခွက်ကိုမြှောက်ကာပြောသည်။
"ဘာအတွက်လဲကွ!"
ထူးသက်ကနားမလည်သဖြင့်မေးလိုက်သည်။
"ငါတို့သူငယ်ချင်း အကောင်းဆုံးလုပ်နိုင်အောင်လို့လေကွာ..."
မြတ်အောင်ထိုသို့ပြောမှ "ဪ..."ဟုဆိုကာ အားလုံးခွက်တွေမြှောက်ကာ ခွက်တိုက်ကြသည်။
"Cheers...ငါ့သူငယ်ချင်း ဒီအခက်အခဲကိုအကောင်းဆုံးဖြတ်သန်းနိုင်ပါစေကွာ..."
မြတ်အောင်မှစကာ ခွက်ကိုမြှောက်၍ပြောလိုက်သည်။
"မင်းအဆင်ပြေပါစေကွာ..."(ဇေယံ)
"အရာအားလုံးအဆင်ပြေပါစေ သားကြီး..."(ကျော်ဇင်)
"ပျော်ပျော်နေ သားကြီး..." (ထူးသက်)
YOU ARE READING
𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}
Fantasyဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) 🌷Second Fiction🌷 {COMPLETED} White Tulip🌷🤍
Part-4(Unicode+Zawgyi)
Start from the beginning
