အပိုင်း (၁၂) Unicode

शुरू से प्रारंभ करें:
                                    

"ရှစ်တိ၊ ဘာလို့ဒီလောက်နောက်ကျနေတာလဲ။"

"လုရှိုးဝမ်"

သွမ့်လင်က သူ့ကို မလွတ်တမ်း တင်းကြပ်စွာပွေ့ဖက်ထားသည်။

"ခင်ဗျားကို ရှာမတွေ့တော့ဘူးထင်နေတာ.."

လုရှိုးဝမ်၏မျက်ဝန်းတို့က ပြုံးရိပ်သန်းလျက် -

"ဒီမှာဆုံကြမယ်လို့ ပြောထားပြီးသားပဲ။ ငါက ထွက်ပြေးပါ့မလား။ နောက်ပြီး မင်း ငါ့နာမည်ကိုခေါ်ပြန်ပြီ။ ကြာပွတ်စာထပ်မိချင်လို့လား။"

ထိုအခါမှ သူ့ခါးထက်တွင် ရစ်ခွေနေသည့်ကြာပွတ်ကို သွမ့်လင် သတိထားမိသွားပြီး အမြန်ပြင်ပြောလိုက်သည်။

"ရှစ်ရှုန်း၊ ကျွန်တော် အိပ်မက်တစ်ခုမက်တယ်"

"ဘာအိပ်မက်လဲ"

"အိပ်မက်က...."

သွမ့်လင်က ထိုအိပ်မက်ကို နမိတ်မကောင်းဟုတွေးမိသဖြင့် တခဏတုံ့ဆိုင်းနေပြီးမှ -

"အိပ်မက်ထဲမှာ ခင်ဗျားသေသွားတယ်"

သူ့စကားကိုကြားသောအခါ လုရှိုးဝမ်က ရယ်၏။

"ငါ့ရဲ့သိုင်းပညာက ဘယ်လောက်အဆင့်မြင့်တယ်ဆိုတာ မင်းမသိလို့လား။ ဘယ်သူက ငါ့ကို ထိခိုက်အောင်လုပ်နိုင်ပါ့မလဲ။"

မှန်သည်။ လုရှိုးဝမ်က မြင့်မားသောပါရမီနှင့်မွေးဖွားလာသူဖြစ်ပြီး သိုင်းအတတ်ကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သည်။ သူက မိစ္ဆာဂိုဏ်း၏ ထိပ်တန်းပညာရှင်တစ်ဦးဖြစ်ပြီး ယခုဆိုလျှင် ဂိုဏ်းချုပ်ရာထူးကိုလည်း ဆက်ခံထားပြီးဖြစ်၏။ ထို့ကြောင့် သူကသာလျှင် သူများကိုထိခိုက်စေနိုင်ပြီး သူ့ကိုစိုးစဥ်းမျှထိခိုက်စေရန်ပင် မည်သူမှမစွမ်းဆောင်နိုင်ချေ။

သို့သော် အိပ်မက်က လွန်စွာထင်ရှားလွန်းသဖြင့် သွမ့်လင် အနည်းငယ်တုန်လှုပ်နေမိဆဲဖြစ်သည်။

"အိပ်မက်ထဲမှာ ခင်ဗျားက ကျွန်တော့်ရင်ခွင်ထဲမှာ ငြိမ်ကျသွားပြီး ဘယ်လိုခေါ်ခေါ် နိုးမလာတော့ဘူး...."

ထိုအေးစက်စက်ခံစားချက်ကြီးကို သွမ့်လင် လွန်စွာကြောက်ရွံမိသည်။ သူက ပြောရင်း ခေါင်းကိုငုံ့၍ လုရှိုးဝမ်း၏နှုတ်ခမ်းကို နမ်းရန်ပြင်သည်။

ကျိုးပဲ့သစ်ကိုင်းငယ်जहाँ कहानियाँ रहती हैं। अभी खोजें