Part 1

382 35 14
                                    

မျက်လုံးအစုံကို တစ်ခုခုနဲ့စည်းနှောင်ထား
ခံရတယ်ဆိုတဲ့အသိနဲ့ လက်ကိုလှုပ်ရှားမိတော့ တချွင်ချွင်နဲ့ သံကြိုးတွေအချင်းချင်းရိုက်ခတ်သံကို ကြားလိုက်ရတယ်။ လက်တင်မက ခြေထောက်တွေကိုပါ ချုပ်နှောင်ထားတာကြောင့် သူဟာပူးတွဲချည်နှောင်ထားတဲ့ ထိုင်ခုံကနေ ထိုင်မရထမရ။

အုတ်နံရံကနေတဆင့် စိုထိုင်းထိုင်းရနံ့တွေက နှာခေါင်းထဲကို အလုအယက်တိုးဝင်တော့ သတိမရချင်တဲ့ မှတ်ဉာဏ်တွေဟာ ခေါင်းထဲကို  အစီအရီဝင်ရောက်လာပြန်တယ်။

မှောင်မည်းနေတဲ့ အခန်းကြီးထဲမှာ သူတစ်ယောက်ထဲ။ သံကြိုးတွေနဲ့ တုပ်နှောင်ထားခံရတာကြောင့် အေးစက်စက်ကြမ်းပြင်မှာ ဘာသံမှမထွက်ရဲဘဲ တုန်တုန်ရီရီနဲ့။ သူ့ကိုအသံထွက်ရင် သတ်ပစ်မယ်လို့ အဲ့ဦးလေးကြီးတွေက ခြိမ်းခြောက်ထားခဲ့ကြတယ်လေ။

"ကယ်ပေးပါ... ကျေးဇူးပြုပြီး....."

သူဟာအမှောင်ကိုကြောက်သလို သံကြိုးတွေ တချွင်ချွင်မြည်နေတာကိုလဲ ကြောက်တယ်။ စိုထိုင်းထိုင်းအနံ့တွေကိုမုန်းသလို အေးစက်စက်ကြမ်းပြင်ကိုလဲ မုန်းတယ်။

"သားကိုကယ်ပါဦး ဒယ်ဒီ..."

တိုးတိုးလေး။ တကယ့်ကိုမှ တိုးတိုးလေးပါပဲ။ ဒါကို ဟိုဦးလေးကြီးတွေက ဘယ်လိုကြားသွားလဲမသိ။ သူ့ဆီကိုပြေးလာပြီး သူ့ရဲ့မျက်နှာကို လည်ထွက်သွားအောင် ရိုက်ပါတယ်။ နှုတ်ခမ်းကနေ သွေးတွေစီးကျလာတဲ့အထိ ရပ်မပေးခဲ့ပါဘူး။

"တောင်းပန်ပါတယ်... သားနာလို့ပါ... ဒယ်ဒီ... ဒယ်ဒီ.. သားအရမ်းနာတယ်... အား......"

ဗိုက်ကို ကန်ကြတယ်။ ဘေးနားကနေ ကင်မရာနဲ့မှတ်တမ်းတင်ပြီး ဒယ်ဒီ့ဆီပို့မလို့နဲ့တူပါတယ်။ မျက်ရည်တွေရော သွေးတွေရောနဲ့သူ့ကို ပျော့ညံ့လိုက်တာဆိုပြီးလဲ ဝိုင်းလှောင်ကြသေးတယ်။ တကယ်ဆို သူဟာအဲ့အချိန်တုန်းက ဆယ့်နှစ်နှစ်ပဲရှိပါသေးတယ်။

"အား........ မရိုက်ကြပါနဲ့တော့......ဒယ်ဒီရေ.........."

"တောင်းပန်ပါတယ်...........သားကိုလွှတ်ပေးကြပါ.........."

အလူးအလွန့်တောင်းပန်နေရင်းကနေ သူ့မျက်စိက အနက်ရောင်ပုဝါဟာ အောက်ကိုလျှောကျသွားတယ်။ လေးလံနေတဲ့ မျက်ခွံတွေကိုဖွင့်ကြည့်ရင်း မျက်လုံးထောင့်လေးကနေ အလင်းရောင်မှုန်ဖျဖျကိုတွေ့လိုက်ရ‌တော့ ကြောက်စိတ်အနည်းငယ်လျော့သွားတယ်ထင်တယ်။ စိတ်တွေ အလိုလိုပြန်တည်ငြိမ်လာတယ်။

You've reached the end of published parts.

⏰ Last updated: Aug 04, 2023 ⏰

Add this story to your Library to get notified about new parts!

Yellow Pieces that you madeWhere stories live. Discover now