Part-1(Unicode+Zawgyi)

Start from the beginning
                                        

ဝိုင်ကအတော်လေးပြင်းသည်။ တစ်ခွက်သောက်ရုံနှင့်ခွန်းမူးသွားသည်။ ခွန်းက ဝိုင်တင်မက Alcoholပါသည့်သောက်စရာမှန်သမျှကိုသောက်လို့မရပေ။ ထို့ကြောင့် ထိုဝိုင်သောက်ပြီးသည်နှင့် ခွန်းစားပွဲတွင်မှောက်သွားလေသည်။ ထို့နောက် ခွန်းမှတ်မိသည်က ခွန်းကို မမကလျာ ခေတ်၏အိမ်ပေါ်သို့ခေါ်သွားပေးကာ အိပ်ခန်းတစ်ခုထဲထည့်ပေးခဲ့သည်ဆိုတာပင်။ ထို့နောက်ခွန်းလဲမူးနေသည်မို့ တစ်ချိုးတည်းအိပ်လိုက်သည်။ အဲ့ဒီနောက် မမကလျာပဲ ခွန်းကို အိမ်ပြန်ခေါ်သွားပေးသည်လား ခွန်းမမှတ်မိတော့ပေ။

ခွန်းမနေ့ကအကြောင်းများကို ပြန်၍ တွေးကာ ခေါင်းကိုဖိထားမိသည်။

ခွန်းမသိလိုက်သည်ကခွန်း၏ပုံစံကိုကြည့်ပြီး တစ်စုံတစ်ယောက်က အသံတိတ်ပြုံးနေမယ်ဆို‌တာတော့ပင်။

ဈာန် ထိုကောင်လေးကိုကြည့်ကာ ပြုံးမိသည်။ ဘယ်လိုကောင်လေးမှန်းမသိ။ တကယ့်ကိုအဖြူထည်လေးပင်။ ယခုထိလည်း ဈာန်ဘေးနားရှိနေသည်ကိုသိသေးမည့်ပုံမပေါ်။ ဈာန်ကလည်း ဈာန်ပင် အသံမပေးဘဲ ငြိမ်နေသည်ကိုး။

-ကျွီ-

ကျွီဆိုသောအသံနှင့်အတူ အိပ်ခန်းတံခါးမှာပွင့်လာသည်။ ထို့နောက်ဒေါ်လေး၏အသံကိုကြားလိုက်ရသည်။ ဒေါ်လေးနှင့်အတူ ဦးစိုင်းနှင့်အန်တီမြတ်ပါ,ပါလာပြီး လူကြီးအချို့ပါ,ပါလာတာမို့ ခွန်းစောင်ကိုအမြဲဆွဲကာ ခြုံလိုက်သည်။

"အမယ်လေးး ငါ့တူလေးး ဖြစ်မှဖြစ်ရလေ..တူလေးရယ်.."

‌ဒေါ်လေးဘာကြောင့် ငိုကာခွန်းကိုလာဖက်လဲ ခွန်းမသိ။ သေချာကြည့်မိမှ ဒီအခန်းက ခွန်းအခန်းလဲမဟုတ်ပေ။

"သား!!"

"မေမေ.."

*ဟင်..ဒါ..ဒါ ခေတ်ရဲ့အသံမလား? ဒါ..ဒါဆို ခေတ်ကငါနဲ့အတူရှိနေတာပေါ့..၊ ည‌ထဲကငါနဲ့အတူရှိနေတာပေါ့..။ ဒါဆို ငါ့ကိုယ်ပေါ်ကအရာတွေက ခေတ်များလုပ်ထားတာလား?*

"ဈာန်မင်းတခေတ် မင်းဒီကိစ္စကိုဘယ်လိုလုပ်ပေးမှာလဲ?"

"ဒေါ်လေး ခွန်းဘာမှ.."

"တော်စမ်း! ဒီအခြေအနေရောက်တာတောင် မင်းကဘာပြောချင်သေးတာလဲ?"

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now