Arc 1 : Mr. Aရဲ့ ဈာပန

610 58 1
                                    

Unicode

Chapter 1 - Mr. Aရဲ့ ဈာပန

မိုးက သဲသဲမဲမဲရွာနေပြီး ညလုံးပေါက်ရွာနေတယ်။

ဤသည်က ကျေးလက်တောရွာတွင် ကိုယ်တိုင်ဆောက်ထားသော အိမ်ဖြစ်ပြီး နှစ်များတစ်လျှောက် ရာသီဥတုဒဏ်ခံခဲ့ရပုံပေါ်သည်။ နံရံများတွင် အညစ်အကြေးအမျိုးမျိုး စွန်းထင်းနေပြီး ထောင့်စွန်းတွင်တော့ သံချေးတက်နေသော လယ်ယာသုံးကိရိယာများ စွန့်ပစ်ထားကာ နားလည်ရခက်သော အနံ့အသက်များ ထွက်နေသည်။

တွဲလောင်းကျနေသော မီးအိမ်သည် မျက်နှာကျက်တွင် အဆက်မပြတ် ယိမ်းထိုးနေပြီး အလင်းရောင်က မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။ ခေတ်ဟောင်းပုံစံရုပ်မြင်သံကြားတစ်ခုရဲ့ ရှေ့တွင် လူများသည် ညစ်ပတ်သောဆိုဖာတစ်ခုပေါ်တွင် ဝိုင်းဖွဲ့ထိုင်နေကြသည်။

Signalမရှိခြင်းကြောင့် ရုပ်မြင်သံကြားဖန်သားပြင်မှ အဖြူအမဲအစက်လေးများသာ ထုတ်လွှင့်နေပြီး ၎င်းမှ ထွက်လာသော ရုပ်မြင်သံကြားထုတ်လွှင့်မှု ဖမ်းယူရာ၌ ဖြစ်ပေါ်တတ်သော အနှောင့်အယှက်၏ အသံသည် နားများကိုစူးစေလေသည်။

ဆိုဖာပေါ်တွင် ရွှေဆွဲကြိုးဝတ်ဆင်ထားသော ကြံ့ခိုင်သန်မာသည့် အမျိုးသားတစ်ဦး၊ JK ယူနီဖောင်းဝတ်ထားသော အထက်တန်းကျောင်းသူ မိန်းကလေးတစ်ဦးနှင့် နူးညံ့သိမ်မွေ့သော ရုံးဝန်ထမ်းတစ်ယောက်.... တစ်ယောက်နှင့်တစ်ယောက် သိသိသာသာကို သက်ဆိုင်ပုံမရသော်လည်း အတူတူထိုင်နေကြသည်။

ဘယ်သူကမှ စကားမပြောကြဘူး။

ပြတင်းပေါက်အပြင်ဘက်တွင် မိုးခြိမ်းကာ လျှပ်စီးလက်နေပြီး ရုပ်မြင်သံကြားသည် ‌နောက်တစ်ကြိမ်ပြန်လင်းမလာခင်တွင် အနက်ရောင် ဖန်သားပြင်ဖြစ်နေခဲ့သည်။ သို့သော် ရုပ်မြင်သံကြားထုတ်လွှင့်မှုဖမ်းယူရာမှ ဖြစ်ပေါ်တတ်သော အနှောင့်အယှက်သံက စိတ်ကယောင်ချောက်ချားဖြစ်စေသော အမျိုးသမီး၏အသံကို ထွက်ပေါ်လာစေသည်။

【အဆုံးမဲ့အိပ်မက်ဆိုးဂိမ်းမှ လှိုက်လှဲစွာကြိုဆိုပါတယ်】

【သင်က လူသစ်အဆင့်ကို ဝင်ရောက်သွားပါပြီ】

【 Mr. A ရဲ့ ဈာပနကို တက်ရောက်ပြီး လူသတ်သမားကိုရှာဖွေပါ 】

လူဖြစ်ချင်တဲ့ သရဲလေးOnde histórias criam vida. Descubra agora