သူအိပ်နေတုန်း..ဘေးနားကဆူဆူညံညံအသံတွေ​ကြောင့် ရိပေါ်တစ်ယောက်ကိုက်နေတဲ့ခေါင်းကိုဖိကာ နိုးလာရလေသည်။

"အား!!..ခေါင်းကိုက်လိုက်တာကွာ.."

"သား...သားဝမ်..မားကိုရှင်းစမ်း..ဒါဘယ်လိုဖြစ်ရတာလည်း..."
ရိပေါ်အမေ ဒေါ်ဝမ်မေက ရိပေါ်နိုးတာနဲ့ ရိပေါ်အနားကိုရောက်လာကာ...လက်မောင်းကိုလူပ်ကိုင်ရင်းမေးလေတော့သည်။

ထိုအခါ..ရိပေါ်တစ်ယောက် ​ကြောင်သွားခဲ့ပြီးဘေးဘီကိုအခြေအနေကြည့်လိုက်တော့ သူ့ဘေးမှာအကျီမပါဘဲငိုနေတဲ့ ရှောင်းကျန့်ကိုတွေ့​လေတော့ သူမနေ့ကအဖြစ်အပျက်ကိုတစ်စတစ်စနှင့်ပြန်မှတ်မိလာခဲ့လေသည်။

"ဟာ!!...မဟုတ်ဘူးမား..ဒါမတော်တဆဖြစ်သွားတာ..သားမရည်ရွယ်ဘူး.."

ပြီးနောက်ရှောင်းကျန့်ဖက်လှည့်ကာ....

"မင်းကကော ရှောင်းကျန့်!!...ငါမူးနေမှန်းသိရင်မင်းရုန်းပါလား...မင်းအခြေအနေကိုသိရင်မင်းရှောင်ပါလား...ဒါမှမဟုတ်မင်းကိုယ်တိုင်ကိုက...ဒီလိုအခြေအနေဖြစ်အောင်ဖန်တီးခဲ့တာလား...တော်တော်အောက်တန်းကျတဲ့ကောင်!!!

"ဟီးး...ဟင့်...ဟင့်.."
ရှောင်းကျန့်တစ်ယောက်ဘာမှပြန်ပြောနိုင်စွမ်စမရှိတော့ဘဲငိုသာငိုနေမိလေတော့သည်။

".......ခွပ်💢....."
ရိပေါ်တစ်ယောက်ဘာမှပြန်မဖြေဘဲ ငိုဘဲငိုနေတဲ့ ရှောင်းကျန့်ကြောင့်စိတ်ပေါက်လာကာ ခပ်ပြင်းပြင်းတစ်ချက်ထိုးလိုက်တော့သည်။

ရှောင်းကျန့်သည်နဂိုထဲကအားနည်းတဲ့သူမို့...ရိပေါ်ရဲ့လက်သီးအောက်မှာနာကျင်သွားပြီးအိပ်ယာပေါ်သို့တစ်ခါပြန်လဲသွားရသည်။

"..ရိပေါ်ရယ်...ဒေါ်လေးတောင်းပန်ပါတယ်..ဒေါ်လေးတူကိုဘာမှမလုပ်ပါနဲ့နော်..ဒေါ်လေးတို့ဒီအိမ်ကနေထွက်သွားဆို ထွက်သွားပေးပါ့မယ်...ဟင့်..."

ရုတ်ရုတ်သဲသဲဖစ်နေတဲ့အခန်းထဲကဆူညံသံတွေကြောင့် အလုပ်သမားတွေအပြင် ဝမ်သခင်ကြီးပါရောက်လာလေ​တော့သည်။

"ဒါဘာဖြစ်နေကြတာလည်း"

ဝမ်သခင်ကြီးသည် ကြည့်လိုက်တာနှင့်အခြေအနေကိုသိပြီးသားဆိုပင်မဲ့ သေချာအောင်အသံမာမာနှင့်ခပ်မေးလိုက်လေသည်။

A chance to change the past (Complete)जहाँ कहानियाँ रहती हैं। अभी खोजें