My Parasite 5_final

4.5K 269 32
                                        

5 years later

Ring.... Ring.... Ring

"အေးပြော Fourth"

"မင်းပြန်လာ‌ပြီလား Gem"

"အခုပဲကားပါကင်ကထွက်တယ် မင်းဘာမှာချင်လို့လဲ"

"ဘီယာတစ်ဖာလောက်ဆွဲခဲ့အုံး အိမ်မှာနှစ်ဘူးပဲကျန်တော့တယ် ညကျရင်သောက်ချင်လို့ နောက်ရက်ကျရင်လည်း Winny နဲ့ Satang လာမယ်ပြောတယ်"

"အေးပါ မင်းအလုပ်ပြီးပြီလား ပင်ပန်းရင်ညစာမချက်နဲ့တော့ တစ်ညတစ်လေတော့မှာစားကြတာပေါ့
ဘီယာပဲလား တခြားဘာလိုချင်တာရှိသေးလဲ"

"မရှိတော့ဘူး Gem အဲ့ဒါပဲ"

"အိုကေ အဲ့ဒါဆိုငါဖုန်းချ‌ပြီနော် Fourth
အလုပ်ပြီးရင်နားတော့ ဘာမှလျှောက်လုပ်မနေနဲ့ သန့်ရှင်းရေးကမနက်ဖြန် Sunday မှအတူတူလုပ်မယ်"

"အေးပါ
မိုးရွာနေတယ် ကားဖြေးဖြေးမောင်းနော် Gem
မင်းပြန်လာရင် ချိုးဖို့ငါရေနွေးစပ်ထားပေးမယ် ရောက်ခါနီးဖုန်းပြန်ခေါ်အုံး"

"ကောင်းပါပြီခင်ဗျာ....ဒါပဲနော်"

"အေး"

Gem ဖုန်းချပြီးတာနဲ့ ကားလေးကိုအလုပ်နားက seven ရှိရာသို့ချိုးဝင်လိုက်သည်။
မှာတဲ့သူကဘီယာတစ်ဖာပဲမှာတာဆိုပေမယ့် Gem က ready made salad ဘူးအချို့ရယ် အစေ့အစံခြောက်အထုပ်လေးတွေရယ် အသီးအနှံအချို့နဲ့ အာလူးကြော် အစပ်လေးငါးထုပ်ကိုပါထပ်ဝယ်လာခဲ့လိုက်သည်...
အကုန်လုံးက Fourth အကြိုက်တွေသာ....
Fourth နဲ့အတူတူ စ နေဖြစ်ခဲ့နှစ်တွေထဲက အခုချိန်ထိ တစ်ယောက်ထဲဈေးဝယ်ထွက်တိုင်းဝယ်လာသမျှက Fourth အကြိုက်တွေချည်းပင်ဖြစ်သည်
Gem ကတော့ Fourth စားသမျှလိုက်စားရင်း အခုဆိုအသီးအရွက်တောင်တော်တော်လေးစားနိုင်နေလေပြီ....

Graphic designer လေး Fourth က freelancer ဖြစ်တာကြောင့် အိမ်မှာနေရင်းအလုပ်လုပ်တာမို့ အပြင်သိပ်မထွက်ဖြစ်။
ဒါကြာင့် မြို့ပြအင်ဂျင်နီယာအဖြစ်ကုမ္ပဏီမှာ အလုပ် လုပ်နေတဲ့ Gem ကသာ လိုအပ်တာမှန်သမျှ အလုပ်အပြန်မှာဝင်ဝယ်လာပေးလေ့ရှိလေသည်။

မိုးဖွဲဖွဲကျနေတာကြောင့် ကားရှိရာမြန်မြန်ပြေးသွားလိုက်ပြီး အထုပ်တွေကိုနောက်ဖုံးထဲထည့်ကာ အိမ်ပြန်လမ်းစီဦးတည်မောင်းထွက်ခဲ့သည်။
တစ်နေကုန် အလုပ်လုပ်ထားတာကြောင့် ညောင်းညာကိုက်ခဲ‌နေကာမိုးလဲမိထားတာကြောင့် လူကအေးစိမ့်စိမ့်။
အိမ်ရောက်ရင်တော့ ရေးနွေးနွေးလေးနဲ့စိမ်ချိုးပြီးဇိမ်ထုတ်လိုက်ပါအုံးမည်။

You've reached the end of published parts.

⏰ Last updated: Jan 22 ⏰

Add this story to your Library to get notified about new parts!

My parasite (Completed)Where stories live. Discover now