ဒီနေ့ကတော့ နှစ်ယောက်သား အလုပ်ပြန်တက်ရမည့်နေ့ ဖြစ်သည်။ဒါကြောင့် စောစောထ မနက်စာ စားရင်း နှစ်ယောက်အတူတူ အလုပ်ကို သွားခဲ့သည်။
အလုပ်ကို ရောက်တော့"Babe ကိုယ်တို့ ခွဲသွားရအောင် studioထဲမှာ ရည်းစားထားခွင့် မပေးထားဘူးလေ သိရင် အလုပ်ဖြုတ်ခံလိုက် ရမယ်"
"အော် အဲ့လိုရှိတာလား ဒါဆို gemအရင် သွားလိုက်"
"အင်း ဟုတ်ပါပြီ"
အလုပ်ထဲကို ရောက်တော့ လူတွေ စုဝေးနေသည်။gemini ဘာကြောင့်လည်း ဆိုတာ သေချာမသိ၍ ကြည့်ကြည့်လိုက်တော့
"Ai gemလာပါအုံး"
Mark မှ လှမ်းခေါ်လိုက်သောကြောင့် gemini markဆီသို့ သွားခဲ့သည်။
"ဟော ပြောရင်းဆိုရင်း fourthလည်း ရောက်လာပြီ လာခဲ့ပါအုံး"
"ဘာဖြစ်လို့လည်း p'mark"
"ကယ် လူစုံပြီ ဆိုတော့ ပြောစရာလေး နည်းနည်းရှိတယ် အဲ့ဒါက...ဟိုဟာ...ကျွန်တော် အလုပ်ထွက် တော့မယ်"
"ဘာ !!ဘာလို့လည်း mark"
မပြောမဆိုနဲ့ အလုပ်ထွက်တော့မည် ဆိုသောကြောင့် အစ်ကိုတစ်ယောက်က အကြောင်းရင်းအား မေးလိုက်သည်။
"ကျွန်တော် နိုင်ငံခြား သွားတော့မယ် p' ဒီမှာက အဖေနဲ့လည်း အဆင်မပြေတော့ အဲ့ကိုပဲ သွားဖို့ စီစဉ်လိုက်တယ်"
"ရုတ်တရက်ကြီး မပြောမဆိုနဲ့ တစ်ယောက်တည်း သွားမလို့လား p'mark"
"တစ်ယောက်တည်းလို့ မပြောမိပါဘူး ချစ်ရသူနဲ့ သွားမှာ"
"ဟမ် ဘယ်သူလည်း ai mark"
"အစ်ကိုတို့ မသိပါဘူး"
"ဒီမှာ ရည်းစားေပး မထားလို့လား ရည်းစားကိုေခါ်ထားရင် ဆဲမှာ ဆိုးလို့လားး အခု ပြောင်းလိုက််မယ်လေ ပေးထားပါတယ်"
"မဟုတ်ပါဘူး ဟိုမှာက ဘယ်သူမှ မရှိတော့ အေးချမ်းတယ်လေ"
"အင်းပါ ဟုတ်ပါပြီ မင်းဆုံးဖြတ်ချက်ပဲဟာ မတားပါဘူး"
"P'mark fordနဲ့လားဟင်"
"ဟုတ်တယ် မနက်ဖြန် သွားတော့မှာ နှုတ်ဆက်ပါတယ်နော် fourth gemini ကော"
