My parasite 3

3.1K 295 43
                                        

အထီးကျန်သည်......

Gem မွေးကထဲက အခုချိန်ထိ တစ်ခါမှ ဒီလောက်အထီးမကျန်ဖူးဘူး လို့ပင်မှတ်ချချမိသည်အထိ ဒီရက်‌တွေဟာအရမ်းအထီးကျန်ဆန်လွန်းသည်.....

အမြဲတမ်း နောက်ကနေတရှပ်ရှပ်လိုက်တတ်တဲ့ခြေသံလေးမရှိတော့ တစ်လောကလုံး တိတ်ဆိတ်သွားသလိုပင်.....

ဆေးလိပ်လျှော့သောက်လို့ပြောလာမယ့် အသံလေးမရှိတော့ ဆေးလိပ်ဘူးကိုထိပင်မထိချင်တော့......

လမ်းသွားရင်းလည်း ဘယ်သူမှမရှိပဲ ပုခုံးနားကို ငုံ့ငုံ့ကြည့်မိတာ အခါခါ
ခေါင်းလုံးလုံးလေးကို ငုံ့ကြည့်ပြီးစကားပြောနေကျမို့လို့ အကျင့်ပါနေလေပြီ.....

canteen ထိုင်တော့လည်း ထမင်းနှစ်ပွဲမှာမိသည်......

ကော်ဖီဆိုင်ထိုင်တော့လည်း
တစ်ယောက်ထဲလာပြီး အမေရိကာနိုတစ်ခွက် မိုခါတစ်ခွက်မှာကာ ငေါင်ငေါင်ကြီးထိုင်နေတတ်တဲ့သူ့ကို waiter လေးတွေက နားမလည်နိုင်သလိုကြည့်ကြည့်သွားကြတာ အခေါက်ပေါင်းမနဲတော့

ဆိုင်ကယ်စီးတိုင်း ခါးကိုလာဖက်တတ်တဲ့လက်ဖွေးဖွေးလေးမရှိတော့ ရင်ထဲမှာ ဟာလာဟင်းလင်း.…..

ဒင်းလေး တစ်ယောက်မရှိတော့တာနဲ့ Gem အတွက်ကမ္ဘာကြီးတစ်ခုလုံးဟာ အဖြူအမည်းရုပ်ရှင်တစ်ကားလို ဘာအရောင်အဆင်းမှမရှိတော့ချေ...
အရာရာဟာပျင်းရိငြီးငွေ့ဖွယ် စိတ်ပျက်အားလျော့ဖွယ်အတိနဲ့ မက်မောစရာဘာဆိုဘာမှမရှိပေ..….

ဘာကို ကောက်လို့ ကောက်သွားမှန်းမသိ
အဆက်အသွယ်မလုပ်ပဲနေတဲ့သူက နေနိုင်ပေမယ့် Gem မှာတော့အရာရာကမောက်ကမတွေဖြစ်ကာကျန်ခဲ့လေသည်.....
မနက်ကနေညအထိ Gem ခေါင်းထဲ ကပ်ပါးကောင်လေးအကြောင်း မတွေးမိတဲ့အချိန်ရယ်လို့မရှိ.....

အာရုံထဲမှာ မှဲ့အနက်လေးတွေ ပန်းရောင်ပါးပြင်လေးတွေ နှုတ်ခမ်းပါးစိုစိုရဲရဲလေးတွေ
အသံစူးစူးလေးနဲ့ ပူရှိန်းခေါင်းလျှော်ရည်အနံ့လေးတွေက သာ အချိန်တိုင်းတဝဲလည်လည် လှည့်ပတ်လို့နေရာယူသည်....

ဖုန်းဆက်တော့လဲမကိုင်...
အတန်းရှေ့သွားစောင့်တော့လဲမတွေ့.....

My parasite (Completed)Where stories live. Discover now