"ဟူး"
Gem ကျောင်းခေါင်မိုးအစွန်းက အုတ်ဘောင်ပေါ်မှာ ခြေထောက်နှစ်ချောင်းတွဲလောင်းချကာထိုင်နေရင်း ဆေးလိပ်ငွေ့တွေကိုလေထုထဲ အားရပါးရမှုတ်ထုတ်လိုက်သည်.....
ဒီနေ့က အထက်တန်းကျောင်းသားဘဝရဲ့နောက်ဆုံးနေ့ဖြစ်တာကြောင့် မနက်ဖြန်ကစပြီး ဒီခေါင်မိုးပေါ်မှာ အခုလို ဆေးလိပ်လာခိုးသောက်လို့မရတော့ချေ....
ဒါကြောင့် ဒီနေရာကိုနှုတ်ဆက်တဲ့အနေနဲ့ Gem ဒီမှာလာထိုင်ကာ အချိန်ဖြုန်းနေခြင်းဖြစ်သည်....
စာမေးပွဲနောက်ဆုံးနေ့ဖြစ်တာကြောင့် ကျောင်းဝန်းထဲမှာ သွားလာနေကြတဲ့ ကျောင်းသား ကျောင်းသူများစွာကို Gem အပေါ်စီးကမြင်နေရ၏
တစ်ချို့က ရေကူးကန်နားမှာ.....
တစ်ချို့ကဘောလုံးကွင်းထဲမှာ......
တစ်ချို့က စာသင်ဆောင်တွေရှေ့ သစ်ပင်ကြီးတွေအောက်က ကျောက်သားစားပွဲတွေစီမှာ.....marker pan ရောင်စုံကိုင်ကာ တစ်ယောက်အင်္ကျီပေါ် တစ်ယောက် အမှတ်တရစာကြောင်းလေးတွေရေးပြီးနှုတ်ဆက်နေကြတဲ့မြင်ကွင်းက ကြည်နူးဖွယ် လွမ်းမောဖွယ် ဆွတ်ပျံ့ဖွယ်ပင်..….
ဖင်စီခံနားကပ်နေပြီဖြစ်တဲ့ဆေးလိပ်ကို နောက်ဆုံးတစ်ချက်ရှိုက်ဖွာလိုက်ပြီး ခေါင်မိုးပေါ်ကနေအောက်ကိုတောက်ထုတ်လိုက်သည်.....ဆေးလိပ်တိုလေးက Gem လက်ထဲကလွတ်ပြီး ကျောင်းဆောင်နောက်ကျောကမြက်တွေကြားထဲ ခေါင်းစိုက်သွားလေတော့၏....
ဆေးလိပ်တိုလေးကိုကြည့်ရင်းမနက်ဖြန်ကစပြီး ကျောင်းလာစရာမလိုတော့ဘူး တွေးမိပြန်တော့ရင်ထဲမှာဟာတာတာဖြစ်မိသား.....နှစ်ပေါင်းများစွာအချိန်အကြာကြီးသွားလာခဲ့တဲ့နေရာမို့လို့ ဒီကျောင်းကြီးမှာ Gem ဘဝအမှတ်တရတွေဆိုတာထုနဲ့ထေး.....ခွဲရမယ်ဆိုတော့ မလွမ်းပဲမနေနိုင်ပေ.....သက်ပြင်းတစ်ချက်ရှိုက်ပြီး Gem အုတ်ဘောင်ပေါ်က ပြန်ဆင်းပြီးနောက်လှည့်လိုက်တော့ marker pan တစ်ချောင်းကိုင်ကာ ထိုင်ခုံအဟောင်းတစ်ခုပေါ်မှာငြိမ်ငြိမ်လေးထိုင်နေတဲ့ ကပ်ပါးကောင်ကိုတွေ့ရသည်.....ခါတိုင်းဆို လူနားရောက်တာနဲ့ တစ်ခုမဟုတ်တစ်ခုနှောက်ယှက်တတ်တဲ့ဟာလေးက အခုလိုငြိမ်နေပြန်လေတော့ Gem မှာအထူးအဆန်းဖြစ်ရပါသေး၏.....
ဘယ်ချိန်ထဲကများရောက်နေတာပါလိမ့်......

YOU ARE READING
My parasite (Completed)
Fantasyမင်းကစိတ်ရှုပ်စရာကပ်ပါးကောင်လေး ပဲ Fourth #Gemini Norawit ငါကအမြဲတမ်းမင်းနောက်တကောက်ကောက်လိုက်နေမှာ Gem #Fourth Natawat