My parasite 1

6.3K 353 15
                                        

"ဖောင်း"

လူရှင်းတုန်း ကျောင်းအနောက်ဘက်မှာ အမှိုက်လာပစ်ရင်းဆေးလိပ်ခိုးသောက်မလို့လုပ်နေ‌ခိုက် နောက်စေ့ကိုအရှိန်ပြင်းပြင်းလာမှန်တဲ့ ဘောလုံးကြောင့်လက်ထဲကဆေးလိပ်ရော မီးခြစ်ပါ ဘေးနားက မြောင်းထဲပြုတ်ကျသွားသည်....

"Sh*t"

တိုးတိုးဆဲရေးရင်းလှည့်ကြည့်လိုက်တော့ တွေ့လိုက်ရတာကဘောင်းဘီအိပ်ထဲလက်နှိုက်ကာ ခပ်လျော့လျော့မတ်တပ်ရပ်ရင်း ပြုံးတုံ့တုံ့မျက်နှာပေးနဲ့စိုက်ကြည့်နေတဲ့ ဂြိုလ်သားကောင်.....
ဒေါသထွက်နေရာက ခေါင်းကိုမော့ရင်းစိတ်ပြတ်လက်ပြတ်နဲ့ပဲ နောက်တစ်ကြိမ်အသံတိတ်ထပ်ဆဲမိတော့၏......
ဘဝကြီးကလည်း ဘယ်နေရာသွားသွား ဒင်းနဲ့လွတ်ကိုမလွတ်နိုင်..….ဒုက္ခ

"တွေ့ရတာဝမ်းသာတယ်နော်သူငယ်ချင်း"

"Yeah.........fu*k you too bro"

လက်ငါးချောင်းကို ဖြန့်ကားပြကာ စပ်ဖြဲဖြဲနဲ့ နှုတ်ဆက်နေတဲ့ကျက်သတုံးလေးကို Gem အတက်နိုင်ဆုံးယဉ်ယဉ်ကျေးကျေးပြန်နှုတ်ဆက်လိုက်ပြီး ပုခုံးကို ဝင်တိုက်ကာ ထွက်လာလိုက်တော့၏......
ဒါတောင် ပြီတီတီ စပ်ဖြဲဖြဲရုပ်က မမြင်ချင်ယောင်ဆောင်‌နေတဲ့ကြားကပင် မြင်ကွင်းထဲဝင်ဖြစ်အောင်ဝင်လာသေးသည်
သူ့အလစ်ကိုချောင်းပြီးထွက်လာပေမယ့် ဘယ်ကဘယ်လိုသိကာ ရောက်လာမှန်းမသိ....
ဘယ်သွားသွား နောက်ကနေ တစ်တန်းတန်းနဲ့လျှောက်လိုက်နေတာ သိပ်စိတ်ရှုပ်စရာကောင်းလွန်းသည်....
အော်ထုတ်ပြန်ရင်လည်း အိမ်ကို တစ်ခုမဟုတ်တစ်ခု အတို့အထောင်သွားလုပ်အုံးမည်
ခက်ပါသေးရဲ့......

Fourth Natawat က တကယ့်ကို အရှုပ်ထုတ်....

အမှိုက်ပုံးကိုလက်တစ်ဖက်ကဆွဲကာ ဘောင်းဘီအိတ်ထဲလက်တစ်ဖက်ထည့်ပြီး စာသင်ဆောင်ဘက်ကိုခြေလှမ်းကျဲတွေနဲ့ ဦးတည်လိုက်တော့ နောက်ကျောဘက်က ခြေသံတစ်ရှပ်ရှပ်က ထပ်ချပ်မကွာ ကပ်ပါလာပြန်သည်......
ခြေလှမ်းတွေကိုအရှိန်တင်လိုက်တော့ နောက်က ခြေသံကပိုပိုစိပ်လာပြီး ခဏကြာတော့ အသက်ပြင်းပြင်းရှူထုတ်သံတွေပါကြားလာရ၏.....
ခြေလှမ်းတွေကိုထပ်အရှိန်တင်တော့ Gem ကျောဘက်ကခြေသံတဖြတ်ဖြတ်နဲ့အတူ လေရှိုက်သွင်းပြီးအသက်လုရှူနေပုံရတဲ့အသံတရှူးရှူးကပါ ကျယ်သည်ထက်ပိုပိုကျယ်လောင်လာတာမို့ သဘောတကျ ခိုးပြုံးမိရသေး၏....

My parasite (Completed)Where stories live. Discover now