Part:13::အချစ်ဦး

Magsimula sa umpisa
                                    

တစ်ကျောင်းလုံးရဲ့favစားစရာသည် ကြက်သားလိပ်မုန့်ပင်ဖြစ်သည်..။

ကြက်သားလိပ်မီနူးသည် ကိုယ်တိုင်နယ်ထားသည့်ဂျုံဖြင့်လုပ်ထားသည့်ပေါင်မုန့်ဖြစ်ပြီး ကြက်သားမွှ /အသီးအရွက်ဖြင့်အတော်လေးအရသာရှိလေသည်..။

သို့သော်တစ်နေ့လျှင်ရာဂဏန်းသာမုန့်ဖုတ်နိုင်တာကြောင့် စားလို့သည့်ကျောင်းသားထောင်ချီအရေအတွက်ကိုမလောက်ငနိုင်..။မွှေးမွှေးအိအိ  ကြက်သားလိပ်တိုက်ပွဲသည် ကျောင်းသားများကြားအလွန်ခက်ခဲလှပေသည်..။

သင်္ချာမရပေမဲ့.. ကြက်သားလိပ်ကိုတော့အရယူမယ်ကွ

ဂလန်ဂလားခြေတံရှည်တွေကိုအားကိုးရင်း အပြုံလိုက်ပြိုင်တိုးနေကြတဲ့မုန့်ဆိုင်ထဲခွန်းသဝင်တိုးတာ ဘယ်ကဝင်တိုက်ချသွားမှန်းမသိတဲ့ကျောင်းသူတစ်စုကြောင့် လွင့်ကနဲ ..။
တစ်စက္ကန့်တောင်မခြား အပြင်ပြန်ရောက်လာသည်..။

ကြည့်ပါဦး လှလှပပချစ်စဖွယ်ကျောင်းသူလေးတွေဟာအစားအသောက်နဲ့ပတ်သတ်လာရင် အဲလိုကိုကြမ်းတမ်းကြောက်စရာကောင်းလိုက်တာများ...

နင်တို့ ရဲ့ဒီလိုဘီလူးတစ်ဖက်ခြမ်းကိုသိသွားရင်ဘယ်သူမှနင်တို့ကိုယူရဲမှာမဟုတ်ဘူးဟဲ့

ခပ်လှမ်းလှမ်းကနေ ကောင်စီအဖွဲ့ဝင်တွေနဲ့ ဖြတ်လျှောက်သွားတဲ့ကျောင်းကောင်စီဥက္ကဋ္ဌ စိုင်းရှန်ဟတ်ကို လှမ်းအော်ခေါ်လိုက်ရသည်.။

''မင်းအတန်းထဲပြန်သွားရင် နောင့်ကိုပြောပေးပါလား ကြက်သားလိပ်မရလို့တစ်ခြားတစ်ခုခုရှာစားလိုက်လို့''

ရှန်ဟတ်ကဘာမှပြန်မဖြေ..။

သူ့အဖွဲ့ဝင်တွေကိုသာခေါင်းတစ်ချက်ငြိမ့်နှုတ်ဆက်ရင်း အတန်းဘက်ဆီလျှောက်လာသည်..။

ဒီအချိန်ကြီးထိအစားမစားပဲဘာလုပ်နေတာလဲ..ဒီကလေးကတော့..။

''ဟေး ''

ရှန်ဟတ်ရဲ့ခေါ်သံကြောင့် ရှေ့မှ ကျောင်းသူလေး3ယောက်လုံးမယုံနိုင် အံ့သြတကြီးဖြစ်ကာ ခပ်သုတ်သုတ်ရောက်လာကြလေသည်..။

''ဟို ဘာကိစ္စရှိလို့လဲဟင်''

ပါးလေးတွေရဲကာထစ်ထစ်အအစကားဆိုနေသည့်အလယ်မှ ကျောင်းသူလေးက အနီးကပ်မြင်နေရတဲ့ကျောင်းသားခေါင်းဆောင်ရဲ့မျက်နှာကိုရဲရဲကြည့်ဖို့တောင်ရှက်နေသည်..။

လေပြည်မရှိသောအရပ် (season2)Tahanan ng mga kuwento. Tumuklas ngayon