ဒီနေ့နဲ့ဆို fourth အလုပ်သွားတာ 1ပတ်ရှိနေပြီ ဖြစ်သည်။တစ်နေ့ တစ်နေ့လည်း အလုပ်တွေက များများလာတော့ ညဆို နောက်ကျမှသာ ပြန်ရသည်။အခုဆို fourth က ဓာတ်ပုံ ရိုက်ခွင့်ပါ ရနေပြီ။
ညရောက်တော့ fourth အလုပ်ကပန်းလာသဖြင့် ချက်ချင်းပင် အိပ်ယာထဲသို့ လဲနေသည်။
မျက်လုံးသာ မှိတ်လိုက်ပေမယ့် အိပ်လို့မရ သောကြောင့် fourth ဖုန်းသာ ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ကြည့်နေရင်း ခနကြာတော့ အမည်မသိ ဖုန်းcall ၀င်လာသည်။"Hello ဘယ်သူလည်း မသိဘူး"
"Fourth"
အသံကတော့ ရင်းနှီးနေသလို"ဘာလည်း ဘယ်သူလည်း"
"ခန့်မှန့်ကြည့်ပေါ့"
"Gemini လား"
"အင်း ကိုယ့်ကို လာကြိုပေးလို့ ရမလား ကိုယ် crazy barမှာ အရမ်း မူးနေလို့ပါ"
"တခြားသူ သွားပြောပါလား ငါ အိပ်တော့မှာ"
"ကိုယ်က ခေါ်စရာလူဆိုလို့ မင်းပဲ ရှိတာကို"
"မသိဘူး"
ဆိုပြီး fourth ဖုန်းချလိုက်ကာ အ၀တ်စားတွေ လဲနေသည်။geminiအပေါ် အေးတိအေးစက်နိုင်ပေမယ့် လျစ်လျူရှုလို့ကလည်း မရ။ခနကြာတော့ barကို ရောက်ပြီး gemini အား လိုက်ရှာနေသည်။တော်တော် ကြာရှာတာတောင် အရိပ်လေးတောင် မမြင်ရ။ထိုစဉ် အနောက်ဘက်က လူတစ်ယောက်က fourth အား ဖက်လိုက်တော့
"Gemini!!!!"
"ဘာလို့ အော်နေရတာလည်း"
"မင်း ဘာလို့ ဒီလောက် သောက်ထားရတာလဲ။လာ အိမ်ပြန်မယ်"
"အင်း"
Fourth barကနေ ကားထားသည့် နေရာကို geminiအား တွဲကာ သွားရသည်။
ကားပေါ် ရောက်တော့"Gemini မင်း အမြဲ ဒီလို သောက်တာလား ဟမ်!တစ်မျက်နှာလုံးလည်း နီရဲနေတာပဲ အရက်နံ့တွေလည်း ဟောင်လို့!!"
ဟိုက ဆူနေပေမယ့် gemini ကတော့ ဘယ်သူ့ဆီမှ ဂရုစိုက််မခံရနေရာက ကိုယ်ချစ်တဲ့လူက ဂရုစိုက်တော့ ဘယ်လိုမှန်းတော့ မသိ နွေးထွေးရ ပြန်သည်။
"မင်း အိမ်ဘယ်မှာလည်း"
"ဟိုဘက်ကလမ်း တွေ့တယ်မလား အဲ့တည့်တည့် သွားပြီး လမ်းခွတွေ့ရင် ညာဘက်ချိုးလိုက် 7ထပ်တိုက် တွေ့လိုက််မယ် အဲ့မှာပဲ"
