သူမကို ငါတွေးခဲ့တာတွေကို ပြောလိုက်မိတော့  သူမက ပခုံးတွန့်လိုက်ပြီး ငါကအရမ်း ကြင်နာလွန်းပြီး ကမ္ဘာမြေမှာ ရှိတဲ့  အန္တရာယ်တွေကို လုံးဝသတိမထားမိဘူးလို့ ပြောလာတယ်။

ဒီစာကိုရတဲ့အခါ ငါအရမ်းစိတ်ရှုပ်သွားတယ်။

ပထမ အစမှာ ငါက လုပ်ငန်းခွင်မှာအလုပ်လုပ်နေတဲ့ 23နှစ်အရွယ်ကောင်လေးတစ်ယောက်ပဲ။ ဘယ်လို အန္တရာယ်တွေကို ငါမမြင်သေးပါလိမ့်။

ဒုတိယအနေနဲ့၊ ငါ့ပြိုင်ဘက် ပါဝင်ခဲ့ဖူးတဲ့ ရုပ်ရှင်ကို ငါမြင်ဖူးတယ်။ အဲ့လိုသရုပ်ဆောင်စွမ်းရည်မျိုး နဲ့ ငါရှေ့မှာ သရုပ်ဆောင်မယ်ဆိုရင် သူရဲ့ အရည်အချင်းကိုဖန်သားပြင်ပေါ်မှာ ဖုံးကွယ်ထားရမှာပဲ

ဒါကြောင့် တစ်ခါတလေ ငါရဲ့ ပရိသတ်တွေ ငါ့ကိုပေးတဲ့ အချစ်တွေကို ငါလုံးဝနားမလည်နိုင်ဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ် သူမကတော့ စေတနာနဲ့ လုပ်ပေးခဲ့တာပဲ။

ကုရိလျန်ရဲ့ ဒိုင်ယာရီ-(2)

ငါ နည်းနည်းစိတ်ဆိုးမိတယ် ။ အလုပ်စောစောပြီးလို့ အိမ်စောစောပြန်လာတဲ့နေ့တစ်နေ့ ငါ ရေချိုးဖို့ပြင်နေတဲ့အချိန် အဘိုးကြီး ဆီက ပိုက်ဆံတောင်းတဲ့ mailထပ်ရောက်လာပြန်တယ်။

မနက်ဖန်ကျရင် ပို့လိုက်မယ်လို့ သူ့ကိုပြောလိုက်တယ်။

ငါရဲ့ ငွေစာရင်းတွေကို ကြည့်လိုက်မိတယ်
သုံးသိန်း ..သုံးသိန်း.. နောက်ထပ်သုံးသိန်း...
Infernal Affairs မှ Tony Leung ထက် တောင် ငါရဲ့ ဘဝကပိုသနားဖို့ကောင်းလွန်းတယ်

ကုရိလျန်ရဲ့ ဒိုင်ယာရီ- (3)

ငါဒီနေ့ အဖွဲ့ထဲကိုဝင်ခဲ့တယ် တော်တော် အံ့သြဖို့ကောင်းတယ် ငါဒီလိုလွတ်လွတ်လပ်လပ်မရယ်မိတာ ကြာပြီ

အစပိုင်းတော့ အပြောင်းအရွေ့နည်းနည်းရှိတော့ စိတ်မကောင်းဖြစ်မိတယ် ။ ဒါပေမဲ့ ငါ့ပြိုင်ဖက်က ငါထုတ်လုပ်ရေးအဖွဲ့ထဲဝင်ထားတယ်ဆိုတဲ့ webio postကို like လုပ်ပြီး
ငါ့ရဲ့ကျော်ကြားမှုကို မှီခိုဖို့လုပ်နေတယ်လို့ fanclubရဲ့ ခေါင်းဆောင်ငယ်လေးကပြောလာတယ် ငါ့ရဲ့လုံခြုံရေးကို ဂရုစိုက်ဖို့ သူမက ထပ်တလဲလဲမှာနေတယ်။

I Ship My Rival X Me जहाँ कहानियाँ रहती हैं। अभी खोजें