အခုက နေ့လည် 12နာရီ ရှိပြီ ဖြစ်သဖြင့် အလုပ်ထဲက လူတွေ အားလုံးက တစ်ယောက်နှင့် တစ်ယောက် ဘာစားကြမယ် ဘာစားကြမယ် ဆိုပြီး တိုင်ပင်နေကြသည်။
"Fourth"
"ဗျာ"
Fourth က toilet သွားပြီးကတည်းက တိတ်ဆိတ်နေသောကြောင့် အလုပ်ထဲက promလို့ ခေါ်တယ့် အစ်ကိုတစ်ယောက်က ခင်မင်တတ်သူ ပီပီ fourthအား ထမင်းစားဖို့ ခေါ်လိုက်သည်။
"အစ်ကို ဒီထိပ်နားက ဆိုင်မှာ ထမင်းသွားစားမလို့ fourth လိုက်ခဲ့လေနော်"
"အာ..ရပါတယ် ကျွန်တော် တစ်ယောက်တည်းပဲ သွားစား တော့မယ်။
"အစ်ကိုက တစ်ယောက်တည်းပဲ မစားချင်လို့ fourth များ လိုက််မလား ဆိုပြီး ခေါ်တာပါ။ရပါတယ် မလိုက်ချင်တော့လည်း ဘယ်တတ်နိုင်မလည်းပေါ့"
Prom မျက်နှာလေးအား မဲ့ပြသောကြောင့် fourth မှာ အားနာရသည်။
"ဟုတ်ပါပြီ ကျွန်တော် လိုက်ခဲ့ပါ့မယ် အစ်ကို ခင်ဗျ"
"ဒါမှပေါ့ လာ သွားမယ် အစ်ကို့ ကားနဲ့လိုက်ခဲ့ လိုက်"
နှစ်ယောက်သား ကားပေါ်သို့ တက်ပြီး fourth ဘေးက ပြတင်းပေါက််မှန်လေးအား လူတစ်ယောက် လာခေါက်လိုက်သဖြင့် promက ပြတင်းပေါက််မှန်တွေ ချလိုက်တော့
"အောင်းးး gemini"
Promက ပြောလိုက်တော့ geminiက ပြုံးသာပြုံး လိုက်ပြီး fourth ကိုပဲ ကြည့်ကာ
"ထမင်းသွား စားမလို့လား fourth"
Fourth ကတော့ ဘာမှမဖြေပဲ gemini အား မျက်နှာလွဲ ထားတော့သည်။
ဤအခြေအနေကြီးကို promမနေနိုင်တော့"အေး fourthက ငါနဲ့ ဟိုးထိပ်က ဆိုင်မှာ သွားစားမလို့လေ လိုက်အုံးမလား"
"လိုက််မယ်ေလ"
Prom တော်တော်ပင် ဆွံ့အသွားသည်။အလုပ်ထဲက စကားကောင်းကောင်း ပြောလို့မရတဲ့ ရေခဲတုံးကြီးgeminiက လိုက်ခဲ့မယ်တဲ့
"အိုခေ အဲ့ဆို အနောက််မှာ ထိုင်လိုက်"
ဆိုင်ကို ရောက်တော့
"Fourth ဒီဆိုင်က ကြက်ဆီ ထမင်းက တအား စားကောင်းတာနော် ရောင်းတဲ့ လူကောပဲ ချစ်စရာလေး"
