ဒုန်း*
"အမလေး fourth"
Fourth တံခါးကို အားဖြင့် တွန်းလိုက်သည့် အသံက ကျယ်လွန်းလို့ တံခါးနဲ့ အလှမ်းဝေးတဲ့ ဆိုဖာမှာထိုင်နေသော မအေဖြစ်သူတောင် လန့်သွားရသည်။
"ဘာဖြစ်လာတာလည်း interview ဖြေတာ မအောင်လို့လား fourth"
"မဟုတ်ပါဘူး မား interviewက ဖြေတာ အဆင်ပြေတယ် အလုပ်လည်းရပြီ"
"ကောင်းတာပေါ့ အလုပ်ရတော့ အဲ့တာကို ဘာတွေ စိတ်မကြည် ဖြစ်ရတာလည်း fourth"
"သား စိတ်မကြည်ဘူးလို့ မပြောပါဘူး ဒီမှာ ပြုံးပျော်နေတယ်လေ မား"
ပါးစပ်က ပွစိပွစိနှင့် ညည်းညူပြီး အပေါ်ထပ်ကို တက်သွားသည့် fourth ကို ကြည့်ပြီး အမေတစ်ယောက်ကတော့
"ပျော်တယ်တဲ့ ဟိုးအဝေးက လှမ်းကြည့်ရင်တောင် မျက်နှာ ရှစ်ခေါက်ချိုးနဲ့ ဟူးးးး"
"အားးး ဘာလို့အဲ့ကောင်နဲ့မှ သွားတွေ့ရတာလည်း ဘာလို့ ငါ့လက်ကို လာဖမ်းကိုင်ရတာလည်း ခွေးကောင်$@@#$#@##"
ဆဲချင်တာတွေဆဲပြီး fourth ရေချိုးအ၀တ်စားလဲပြီး ဖုန်းကြည့်ဖို့ ပြင်တုန်း အမေက
"Fourth ရေ ခနလာပါအုံး သားကို မိတ်ဆက် ပေးစရာ လူရှိလို့ အရင်တုန်းက သားသူငယ်ချင်းလည်း ပါတယ်"
"အရင်က သူငယ်ချင်း?? satang များလား"
Fourth အမြန်ပင် အိမ်အောက်ဆင်းပြီး ကြည့်လိုက်တော့ ဆိုဖာပေါ်မှာ geminiနှင့်အတူ တစ်ခါမှ မမြင်ဘူးသည့် အစ်ကိုတစ်ယောက်ကို တွေ့လိုက်ရသည်။geminiကို မြင်တော့ fourth ကြောင်ပြီး ထိုနေရာမှ တုတ်တုတ်မျှ မလှုပ်ဘဲ ရပ်နေခဲ့ရာ" Fourth လာလေ ဘာလုပ်နေတာလည်း အဲ့ဒီမှာ"
"အော် ဟုတ် ဟုတ်"
"ဒါက markတဲ့ အမေ့ သူငယ်ချင်းရဲ့သား ဟိုဘက်ကတော့ သားရဲ့ အချစ်ဆုံးသူငယ်ချင်းလေ တွေ့ရတာ မ၀မ်းသာဘူးလား သား"
"၀မ်းသာစရာလား မားရယ်"
"သား ဘာပြောလိုက်တာ"
"အော်........၀မ်းသာတယ်လို့ တအားကို ၀မ်းသာတာ"
ပါးစပ်က ၀မ်းသာနေပေမယ့် အံကြိတ်ထားတယ် fourth ရဲ့ ရုပ်လေး ကြည့်ပြီး gemini ရီမိတော့သည်။
