Part.11::ကိုယ့်ကိုမကြောက်လို့ရမလား

Magsimula sa umpisa
                                    

''မင်းကအဲဒီကိုပဲ တစ်ချိန်လုံးကြည့်နေတာလေ ကလေးလေး''

''မဟုတ် ကျွန်တော် ဒီအတိုင်း..
အတန်းစဖို့ မစသေးဘူးဆိုတော့
ကျွန်တော်အပြင်ဖက်မှာပဲ ဒီလိုပဲ..''

စိတ်ပျက်စရာပါပဲ...။
ဒီလိုမျိုးအမြဲထစ်အနေတဲ့ လေသံအပိုင်းအစေတွေ..

သူ့အဖေထင်ထားတာထက် သူဟာပိုအသုံးမကျသည့်သူမျိူးထင်သည်..။

''ကိုယ်နားလည်ပြီ''

သူက နားလည်တယ်.!

''အတန်းထဲဝင်ရအောင် ဒီနေ့ကောက်ကြောင်းနဲ့အရိပ် ဆက်စပ်ပုံရှင်းပြမယ်''

''ဟုတ်ကဲ့ ''

''လိမ္မာတဲ့ကလေး''

ထိုလူနောက်မှနေ၍ စာအုပ်လေးပိုက်ကာ စစ်သွင်တိတ်တဆိတ်လိုက်လာမိသည်..။

နောက်ဆုံး နေရာကိုရွေးပြီး ပြေးဖို့လုပ်တဲ့အချိန် လှည့်ကြည့်လာတဲ့မျက်ဝန်းရိပ်တွေနဲ့ထပ်ဆုံ​ပြန်
သည်..။

ထို့နောက် သင်နေတဲ့နေရာနဲ့အနီးဆုံးခုံကိုလက်ညှိုးထိုးပြလေသည်..။

ကယ်ပါ..အတန်းရှေ့ကြီးမှာလား..။
သို့သော်စောဒကမတတ်ဝံ့ဘဲထိုင်လိုက်ရတော့သည်...။

အင်တင်တင်လေးဖြစ်သော်လည်း စကားနားထောင်တဲ့ဖြူဖြူအုအုကောင်လေးကိုကြည့်ရင်း ကျောင်းအုပ် ''မင်းသွေးခ'' တစ်ဖြစ်လည်း ''M''ရဲ့မျက်နှာမှာအပြုံးတစ်ချို့ဖြတ်ပြေးသွားသည်..။

တကယ်လိမ်မာတယ်...။

လေတိုးသံသဲ့သဲ့အခန်းထဲ ကျောင်းအုပ်Mရဲ့ ကြည်လင်ပြတ်သားတဲ့အသံကသာထွက်ပေါ်နေသည်..။

'' ထင်ရှားတဲ့ပန်းချီဆရာတစ်ချို့ဟာ ထူးဆန်းတဲ့အပြုအမူတွေလုပ်တတ်ကြလေ့ရှိတာဖတ်ဖူးကြတယ်မလား.. အဲဒါဘာလို့ထင်လဲ''

လက်ကလေးထောင်ပြလာသော ကျောင်းသူလှလှလေးတစ်ယောက်ကြောင့် ကျောင်းအုပ်သည် လက်ဟန်ပြကာဖြေခိုင်းသည်..။

''မသိဘူး ပြောမလို့ပါ ကျောင်းအုပ်ကြီး hee''

ချစ်စရာကောင်းစွာရယ်ပြကာ ပြန်ထိုင်သွားသော ကျောင်းသူလေးသည်
ကျောင်းအုပ်Mရဲ့ attentionလိုချင်ရုံသက်သက်ဆိုတာသိသာပါသည်..။

လေပြည်မရှိသောအရပ် (season2)Tahanan ng mga kuwento. Tumuklas ngayon