“ အခေါ်တော်ရှိနေတယ်ဆိုတာ သခက်လေးတို့များလား ”

ချောချောမောမောမိန်းမလှတစ်ဦး၏အသံလာမှ ထိုလူသား
ကိုငေးနေရာမျက်စိလွဲမိလိုက်သည်။ထိုအမျိုးသမီးကသူနှင်မျက်နှာချင်းဆိုင်ဝင်ထိုင်ရင်း

“ ဟုတ်ပါတယ်... ကျုပ်ဟိုးနားကကောင်လေးကို
လိုချင်တယ်... ဈေးဘယ်လောက်ပေးရပေးရဝယ်
ယူပါ့မယ်... သင်ခင်မဂျန်ကိုခင်ဗျားသိတယ်မဟုတ်လား
ကျုပ်ကသူ့ရဲ့လက်ပါးစေပါ ”

ရှေ့ကလူရဲ့စကားအဆုံးမှာ သူမကောင်းကောင်းကြီး
သဘောပေါက်သွားသည်။ ဟိုတလောကဘဲ သူသခင်မဂျန်
နဲ့တွေပြီး ကိစ္စတစ်ချို့အတွက် လူတစ်ယောက်လိုချင်တယ်
ပြောတာ သူရှာဖွေပေးနေသည်ကိုမစောင့်နိုင်ဘဲ ဘယ်ကနေဘယ်လို ဒီကောင်လေးကိုသိပြီးမျက်စိကျသွားပါလိမ့်။

“ ကောင်းပါပြီ ဈေးကတော့သခင်မဂျန်နဲ့ဘဲ ကျွန်မ
တွေ့ပြီးပြောလိုက်ပါ့မယ်... သူ့ကိုဘယ်အချိန်လောက်
လာခေါ်မလဲ ပြင်ဆင်စရာရှိတာပြင်ဆင်ခိုင်းထားရအောင် ”

“ ပြင်ဆင်စရာမလိုဘူး အခုဘဲခေါ်သွားမယ်...
လူပါရင်ပြီးတာဘဲ ”

မအီမသာနှင့် သခင်မဂျန်၏ဂုဏ်ရှိန်ကြောင့်လက်မခံချင်ဘဲ
လက်ခံလိုက်ရသော အမျိုးသမီးကိုကြည့်ကာသခင်မမှာတဲ့အတိုင်း ခပ်ပြတ်ပြတ်ပြောတော့ ထိုအမျိုးသမီးကအံ့ဩပုံနှင့်ကြည့်လာသည်။

“ ကောင်းပါပြီ... ယောချန်းရေ ဂျောင်ဂုကိုသွားခေါ်
လိုက်ပါဦး ”

အပျော်မယ်တစ်ဦးက ခပ်သွက်သွက်ဂျောင်ဂုကို
သွားခေါ်လိုက်သည်။ ပါလာသောဂျောက်ဂုက
မျက်လွှာချရင်း ရပ်နေကာ

“ ခေါ်တယ်ဆိုလို့ပါ သခင်မ ”

“ အင်း... မင်းဒီကသခင်လေးနဲ့လိုက်သွားရမယ်
သူတို့ကမင်းကိုမျက်စိကျလို့ဝယ်လိုက်ပြီ...
အခုလူတကာနဲ့မနေဘဲ တစ်ယောက်တည်းကိုပြုစု
ရတော့မှာမို့ အများကြီးမပင်ပန်းတော့ပါဘူး...
အဲ့ဒါမင်းကံကောင်းတာဘဲ... ”

သခင်မ၏ ချည်ပြီးတုတ်ပြီးပြောဆိုသောစကားတွေ
ကြောင့် သူ့မှာမလှုပ်နိုင်မရုန်းနိုင်တော့ပေ။ သူပြောတာလည်းမှားတာမှမဟုတ်ဘဲ။ လူတကာနှင့်ရောနှောနေရသည့်
ဒီအချိန်ထက် တစ်ယောက်တည်းနဲ့ရောနှောရမယ့်အချိန်ကပို၍ကံကောင်းသည်ဟုပြောသော်ငြားလည်းဘဲ လောလော
ဆယ်အာသာဖြေ‌ဖို့လောက်သုံးပြီး နောက်များသူတို့ကိုယ်စီ
တစ်အိုးတစ်အိမ်ထူထောင်ချိန်ကျကိုယ်ဟာဒီနေရာကိုဘဲပြန်ရောက်နေဦးမှာမဟုတ်လား။

𝐘𝐨𝐮𝐫 𝐄𝐲𝐞𝐬 𝐓𝐞𝐥𝐥 [ VKOOK ]Où les histoires vivent. Découvrez maintenant