"ဟန်းနီးမွန်းက မော်လ်ဒိုက်ဆိုတော့ပူ လို့လေ
ချည်သားတွေဝယ်ထားတာမကြိုက်ဘူးလား"

"ကြိုက်ပါတယ် ဒါပေမဲ့ two pieces ကတော့ဝတ်လို့မရလောက်ဘူး"

"ရပါတယ်"

ကိုကြီးကိုမျက်စောင်းထိုးကာအဝတ်များကိုထည့်
ပီးလိုသည်များစစ်ကာခနနားပီးမေမေတို့အိမ်ဘက််ခနသွားကာညနေစောင်းမှပြန်လာလိုက်သည်။ညစာစားပီးတော့မတက်ခရီးထွက်ရမှာမို့စောစောအိပ်ယာဝင်ခဲ့သည်။

မနက်စောစောထပီးလေယဉ်စီးကာမော်လ်ဒိုက်သို့ထွက်လာသည်။မော်လ်ဒိုက်ရောက်တော့မှကိုကြီးစကားကိုသဘောပေါက်သွားသည်။သီးသန့်ဘန်ဂလိုအခန်းများမလို့နွယ်ဘာဝတ်ဝတ်ဘယ်သူမှမမြင်
နိုင်တာမို့ကိုကြီးကဝတ်ခိုင်းတာသဘောပေါက်သွားသည်။ကိုကြီးနဲ့နွယ်ရဲ့ဟန်နီးမွန်းကတော့ပျော်စရာရင်ခုန်စရာများနှင့်နှစ်ပါတ်ခန့်နေပီးပြန်လာခဲ့ကြသည်။
နွယ်တို့ပြန်ရောက်ပီးမကြာခင်မှာပင်နွယ်နောက်ဆုံး
နှစ်စာမေးပွဲဖြေပီးတပါတ်ခန့်အကြာကိုကြီးစာသင်မည့်အင်ဂလန်သို့ထွက်လာခဲ့သည်။နွယ်တို့မလာခင်မမခြူးကကိုယ်ဝန်ရှိနေသည်ဆိုသောကြောင့်နွယ့်မှာပျော်ရသည်။အင်ဂလန်ရောက်တော့ကိုကြီးကျောင်းနှင့်နီးသောတိုက်ခန်းငှါး​နေသည်။နွယ်လေးကကိုကြီးကျောင်းသွားချိန်တွင် businessသင်တန်းနှင့်နွယ်ဝါသနာပါရာဟင်းချက်နည်းသင်တန်းနှင့်မေမေမြအမွေပေးတာပန်းဆိုင်လဲပါသဖြင့်floralသင်တန်းများကိုသာတက်ရပီးကိုကြီးကအချိန်ပိုင်းအလုပ်လုပ်တာကိုလုံးဝခွင့်မပြုပါ။ကိုကြီးကတပါတ်၅ရက်ကျောင်း
တက်ပီးညနေပိုင်းနှင့်ပိတ်ရက်များတွင်companyအလုပ်ကိုလုပ်သည်။ထိုအချိန်တွင်နွယ်ကကိုကြီးစားချင်
သည်များကိုဖွယ်ဖယ်ရာရာချက်ပြုတ်ကျွေးမွေးခြင်းဖြင့်အချိန်များကုန်ဆုံးခဲ့သည်။ကိုဇန်ကတော့အလုပ်စလုပ်နေပီးနောက်နှစ်မှလက်ထပ်မည်ဆိုသည်။မခြူးကသမီးလေးမွေးလို့နွယ့်မှာlineပေါ်ကသာမြင်ပြီး
ချစ်မဝမို့ကိုကြီးကျောင်းပိတ်ရက်နွယ်တို့၂လခန့်ပြန်ခဲ့သည်။ခုဆိုနွယ်တို့ရောက်တာတနှစ်ကျော်လာပီမို့
ပြန်ရန်ရက်လဲနီးလာသည်။နွယ်ကတော့ဘယ်နေရာ
ဖြစ်ဖြစ်ကိုကြီးအနားရှိလျင်ကျေနပ်သူမို့ရောက်စကသာအိမ်လွမ်းပီးခုတော့အဆင်ပြေနေပါသည်။ကိုကြီးသည်လက်ထပ်ပီးမှမတရားချွဲကာအရာရာနွယ်
လုပ်ပေးမှသဘောကျသဖြင့်နွယ့်မှာသားတ
ယောက်ကောက်ရသကဲ့ဖြစ်နေသည်။

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်Where stories live. Discover now