ဦးနဲ့ကျွန်တော်ချစ်လို့မရဘူး...ဦးသိလား
ကျွန်တော့်အမယောကျာ်း
💞အပိုင်း(၁၀)
ဇာတ်သိမ်းပိုင်းအဖွားရဲ့အိမ်ကအထွက်မှာကားပေါ်မှာထိုင်ရင်းခါးပတ်ကြိုးပတ်မယ်အလုပ်မှာဘေးကထိုင်ခုံပေါ်တင်လိုက်တဲ့စက္ကူဘူးလေးအားအကြည့်ရောက်မိသည်။ထိုစက္ကူဘူးလေးအားယူကာဖွင့်ကြည့်လိုက်တော့အပြာနုရောင်သိုးမွှေးပဝါလေးနှစ်ခုဖြစ်နေသည်။အဖွားရဲ့လက်ဆောင်ကိုသဘောကျတဲ့junhkookတစ်ချက်ပြုံးလိုက်ကာခါးပတ်ကြိုးပတ်ပြီးကားကိုစက်နှိုးလိုက်သည်။
Incheon airport
ကားအဖြူရောင်တစ်စီးသည်လေဆိပ်ရဲ့ဝင်ပေါက်ရှေ့မှာထိုးရပ်သွားခဲ့သည်။သမီးဖြစ်သူနဲ့မိန်းမဖြစ်သူကတော့ကားပေါ်ကဆင်းသွားကြပေမယ့်jungkookကတော့လေဆိပ်ပတ်ပတ်လည်ကိုလိုက်ကြည့်နေပြီးတစ်ယောက်ယောက်ကိုရှာနေသလို
လွန်ခဲ့သော၂နာရီခန့်က
မနက်(၆:၂၈မိနစ်)အိမ်ပေါ်ထပ်ကနေအေနာက်တိုင်းသားဆန်ဆန်ဝတ်ဆင်ထားတဲ့jungkookအောက်ထပ်က်ုဆင်းလာခဲ့သည်။ချက်ချင်းဆိုအလိုလှေကားရဲ့အနောက်ဘက်ကိုဝင်လာပြီးထယ်ယောင်းအခန်းရဲ့တံခါးကိုဖွင့်လိုက်သည်။
ထယ်ယောင်းကိုဟိုနေ့ကကိစ္စအတွက်တောင်းပန်ဖို့လာတဲ့jungkookအခန်းထဲကမြင်ကွင်းကြောင့်အပြုံးတို့ပျောက်ကွယ်ကာအခန်းတံခါးကိုပြန်ပိတ်လိုက်သည်။
Jk-arjima...arjima
မီးဖိုခန်းထဲကနေကပြာကယာပြေးထွက်လာတဲ့အိမ်အကူကြီးကိုjungkookမေးလိုက်သညါ။
Jk- ဟိုကောင်လေးကဘယ်သွားတာလဲ
Arjima-သူကျောင်းမှာစာအုပ်ထပ်ရမယ်ဆိုပြီးလွန်ခဲ့တဲ့မိနစ်၂၀လောက်ကမှထွက်သွားတာပါ။
Jk-ဟုတ်လား အင်းပါအဒေါ်ကြီးလုပ်စရာရှိတာသွားလုပ်တော့နော်
***********
ကားတခါးမှန်ကိုလာခေါက်တဲ့သမီးဖြစ်သူကြောင့်jungkookအသိပြန်ဝင်ကာHwanbin-apa...ထွက်လာခဲ့လေ
Jungkook လည်းကားထဲကထွက်လာကာခရီးဆောင်အိတ်ကိုဆွဲပြီးမိန်းမဖြစ်သူနဲ့သမီးဖြစ်သူနဲ့အတူလေဆိပ်အတွင်းသို့ဝင်သွားသည်။

YOU ARE READING
My Sister's Husband💞(S-1)/Complete/✓
Romanceဦး...နဲ့ကျွန်တော်ကြိုက်လို့မရဘူးဦးသိလား My sïstêr husbãñd 💞