''အနွံ_ကဒယ်ဒီကိုဘယ်မှာစိတ်ပူအောင်
လုပ်နေလို့လဲ…အနွံ_အတတ်နိုင်ဆုံး ဒယ်ဒီစကား၊
ဒယ်ဒီဆန္ဒကိုလိုက်လျောပေးတယ် ခင်ဗျားသာ
ဒယ်ဒီကိုအကြာကြီးပစ်ထားတာ''

နှစ်ယောက်သားတစ်ယောက်တစ်ခွန်းပြန်ပြောရင်း
စကားများနေကြပြီးဘယ်သူကမှအလျော့ပေးမည့်ပုံ
မပေါ်ပါ။အနိုင်ရမှကျေနပ်ကြတဲ့ထိုနှစ်ယောက်ဟာ
တစ်ညလုံးရန်ဖြစ်မယ်လို့များတွေးထားကြသလား???

''ဒယ်ဒီနှင့်ငါ့ကြားကိုမင်း ဝင်ပါစရာမလိုပါဘူး
မင်းဘာသာမင်းပဲကြည့်ကြတ်ပြီးနေစမ်းပါ!"

သူမအားမျက်မှောင်ကြီးကြုတ်၍ပြောလိုက်ပြီး
အစွန်းနားမှာမတ်တပ်ရပ်နေရုံသာမက
လက်ရန်းပေါ်တက်ထိုင်နေသောသူမဆီကို
ခြေလှမ်းကျဲတွေဖြင့် သွားလိုက်ကာ

''အမေ့!!!"

သူမဆီတလှမ်းချင်းလှမ်းလာတာကြောင့်ဘာလဲဟ
ဆိုပြီးကြောင်ကြည့်နေမိချိန် ပွေ့ချီခံလိုက်ရသဖြင့်
အနွံ_လန့်ဖြတ်သွားပြီးထိုလူကြီးရဲ့လည်တိုင်အား
ကြောက်အားကြီးစွာဖက်တွယ်ထားမိလိုက်၏။
ရုတ်တရက်မို့ အနွံ_အရမ်းကြောက်သွားမိတယ်
ရန်တွေ့ဖို့ရာပင်မေ့နေတဲ့အထိပင်။

ဘယ်လောက်ထိသူမ သတိလွတ်နေသည်မသိပေ။
ထိုလူကြီးက အနွံ_ကိုပေ့ချီပြီး၅လှမ်းလောက်
လမ်းလျှောက်ကာကျမှသတိပြန်ဝင်လာပြီး

''အနွံ_ကိုလွှတ်!!!အောက်ချပေး!!အောက်ချပေးလို့''

''မင်းပါးစပ်ပိတ်ထားလို့မရဘူးလား~အနွံတာကူး!!"

သူ့လက်ပေါ်မှာတလူးလူးတလွန့်လွန့်ဖြစ်နေတဲ့
သူမမျက်နှာနားကိုကပ်ကပ်၏စိတ်တိုစွာဖြင့်
ခြား_အော်ပစ်လိုက်သဖြင့်သူမငြိမ်ကျသွား၏။
သူမ ငြိမ်ကျသွားကာကျမှခြား_အခန်းဆီကို
ပွေ့ချီလာခဲ့လိုက်သည်။

အနွံ_ထိုလူကြီးရဲ့ခက်ထန်မာကျောနေသည့်
မျက်နှာကြောင့်မျက်ဝန်းလေးတွေကျယ်လာကာ
စကားပင်ထပ်မပြောဝံ့…ပွေ့ချီထားသည့်အတိုင်း
တိတ်ဆိတ်ငြိမ်သက်စွာလိုက်ပါလာခဲ့သည်။
အခန်းထဲရောက်သည်အထိ သူမကြောက်လန့်စိတ်
မပြယ်သေးပေ။

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Où les histoires vivent. Découvrez maintenant