" ကြည် ကြည် လင် လင် ... ရွှေမေတ္တာစွဲကြ ကိုယ်မှာအစဥ် .... "
သနပ်ခါးကို မှုံနေအောင်လိမ်းသထားတဲ့ မေမေ့ကို ငယ်ရွယ်တုန်းလို့ထင်နေပေမဲ့ မေမေ့ခေါင်းပေါ်မှာ တစွန်းတစထွက်ပေါ်နေတဲ့ အဖြူရောင်အမျှင်တွေဟာ မေမေ့အသက်အရွယ်မငယ်တော့ကြောင်းကို သတိပေးနေသည်။
သနပ်ခါးကြိုက်တဲ့မေမေရဲ့မျက်နှာမှာ အမြဲသနပ်ခါးပါးကွက်လေးတွေက နေရာယူထားတတ်တယ်။ မေမေနှစ်ခြိုက်တဲ့ သီချင်းလေးကို နှုတ်ခမ်းဖျားကနေ တဖွဖွညည်းပြီး ခြံထဲက ပန်းလေးတွေကို ခူးမယ် ။ ခူးတဲ့ပန်းလေးတွေကို အလှဆုံးသီကုံးမယ်။ မေမေဟာ ကြည်ရှင်းမောင်တို့ငယ်ငယ်တုန်းကအတိုင်းပင်။မေမေ့ပုံရိပ်တွေသည် ငယ်ဘဝကို ပြန်အမှတ်ထင်စေသည်။
" မေမေ့ကိုကြည့်ပြီး ဘာတွေပြုံးနေတာလဲ "
" ဒီတိုင်း မေမေက ချစ်ဖို့ကောင်းလို့ "
သူပြောတော့ မေမေက သဘောကျကာရယ်သည်။
" လွင်ကရော ရှစ်ဖို့မကောင်းဘူးလား "
မေမေ့အမေးကြောင့် သူအသာပြုံးလိုက်သည်။
" ကလေးတိုင်း ချစ်ဖို့ကောင်းပါတယ် "
.
ကောင်းကင်ကြီးက ကြည်ပြာရောင်သန်းကာ ကြည်လင်နေသည်။ ငှက်ကလေးတွေကလည်း ဟိုးအမြင့်ကြီးမှာ ပျံသန်းလို့။ နေရောင်ဖျဖျလေးက နွေးနွေး။ ဒီနေ့ ရာသီဥတု သိပ်သာယာတာပဲ။
လွင် အိမ်အောက်ကိုဆင်းလာတော့ ဦးမေမေက ဧည့်ခန်းမှာ ထိုင်ကာ စံပယ်ပန်းတွေကိုသီနေသည်။
" မေမေ့ ဦးရော အခန်းထဲမှာ မတွေ့ဘူး "
ပါးစပ်ကမေးခွန်းမေးရင်း ဦးမေမေဘေးဝင်ထိုင်လိုက်သည်။
" ဟိုမှာပါရှင် "
ဦးမေမေညွှန်ပြရာကို ကြည့်လိုက်တော့ ဦးက လက်မှာသတင်းစာကိုင်ပြီး အိမ်အပြင်ဘက်ကနေ ဝင်လာသည်။ လက်တဖက်မှာလည်း ကြက်မောက်သီးနှစ်လုံးပါလာသေးသည်။
" အိပ်ရေးဝလား ... အီကြာကွေးနဲ့နွားနို့ဝယ်ထားတယ် ... မနက်စာအဆာပြေလေးသွားစား ... မေမေဘုရားရှိခိုးပြီးမှ သားငယ်စားချင်တာ လုပ်ပေးမယ်နော် "
Part - 15
Start from the beginning