Chapter -51

6.8K 688 29
                                    

Zawgyi

လော့ရှန်ဟွာတို့က ရုပ်ရှင်ရုံထဲဝင်လာပြီး လက်မှတ်ကဒ်မှာ ပါတဲ့ခုံနံပါတ်ကို ရှာလိုက်ပြီးနောက်မှာ လော့ရှန်ဟွာဟာ လော့ကျန်းပေ့ကို လက်ဆွဲကာထိုင်လိုက်တော့သည်၊နှစ်ယောက်လုံးအတွက် ပထမဆုံးအတွေ့အကြုံဖြစ်တာကြောင့် လော့ရှန်ဟွာကတော့ စိတ်လှုပ်ရှားနေတော့သည်၊

ရုပ်ရှင်မစခင်မှာ ရုံထဲက လူငယ်တစ်ချို့ဟာ စကားပြောနေကျတော့သည်၊ထိုနောက်မှာ လော့ကျန်းပေ့ဘေးရှိ လွတ်နေတဲ့ခုံသုံးခုံမှာလည်း လူတွေထိုင်လာပြီး ရုပ်ရှင်ရုံက လူတစ်ဖြေးဖြေးများလာတော့သည်၊

"အမလေး ချောလိုက်တာ! ကောင်မတွေ ငါ့ဘေးကို ကြည့်"အသံတိုးတိုးနဲ့မိန်းကလေးအသံကြောင့် ပေါက်ပေါက်ဆုပ်ကို စားနေတဲ့လော့ရှန်ဟွာဟာခေါင်းထောင်လာတော့သည်၊ထိုနောက် လှည့်ကြည့်လိုက်တော့ ခုံမှာ ကျောမတ်ကာအေးဆေးထိုင်နေတဲ့လော့ကျန်းပေ့ကို ဘေးကကောင်မလေးတွေရော ရှေ့ခုံမှာထိုင်နေတဲ့အဖွဲ့ကပါ ငေးကြည့်နေတာကို တွေ့လိုက်ရတော့သည်၊

'ငါ ဘာကြောင့် ဒီအချက်ကို မေ့သွားရတာလဲ!ငါ့ဒယ်ဒီက အရသာရှိတဲ့အမဲတုံးကြီး၊လမ်းလျှောက်နေတဲ့နှင်းဆီပန်းပွင့်ကြီးဆိုတာ!'

လော့ရှန်ဟွာတစ်ယောက် စိတ်ထဲ မကျေမနပ်ဖြစ်သွားပြီး သူခြေထောက်တွေကို လော့ကျန်းပေ့ပေါင်ပေါ်ကို တင်လိုက်ပြီး ထိုတစ်သိုက်ကို မျက်ခုံးတစ်ချက်ပင့်ပြလိုက်သည်၊

'ဒယ်ဒီက ငါ့လူ... မင်းတို့ဝေးဝေးနေကြ!'

"ပိုင်ရှင်ရှိပုံရတယ်...ဒါနဲ့ သဝန်တိုနေတာလေးက ချစ်စရာလေးဟ!"

"ရုပ်ရှင်ရဲ့မီးရောင်အောက်မှာတောင် ပါးလေးတွေကို ကြည့်စမ်း နူးအိနေပုံရတယ်!" ချက်ချင်း ပစ်မှတ်ပြောင်းသွားတဲ့တစ်သိုက်ကြောင့် လော့ရှန်ဟွာတစ်ယောက် လက်လန်သွားတော့သည်၊

ထိုနောက်မှာတော့ လော့ကျန်းပေ့ဟာ လော့ရှန်ဟွာပေါင်ကို ပွတ်သပ်နေရင်းကနေ လော့ရှန်ဟွာဘက်ကို ခန္ဓာကိုယ်ကိုကိုင်းလိုက်သည်၊

"ကလေးငယ် ရုပ်ရှင်လာတော့မယ်လေ " နားဘက်ကို ကပ်မတက်ပြောလာတာကြောင့် လော့ရှန်ဟွာဟာ ယောင်ယမ်းယမ်းခေါင်းညိတ်လိုက်မိသည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now