"သွေးတွေ…သွေးတွေ…ဟင့်....ေဖဖေ.....မေမေ"
သွေးတွေကို အနွံ_တွေ့လိုက်ရသည့်အခါ
ထိတ်လန့်တုန်လှုပ်သွားကာအသိစိတ်တွေ
တဖြည်းဖြည်း ကင်းမဲ့လာပြီးနောက်ဆုံး၌
သူမခန္ဓာကိုယ်ဟာ မိဘတွေရဲ့ဘေးနားတွင်
လဲကျသွားတော့သည်။
သူမ အမြင်တွေလည်းအမဲရောင်အတိကျသွားတော့၏။
ကံကြမ္မာကအနွံအပေါ်ထပ်ရက်စက်ဦးမှာလား?
_
_
_
_
_
ဆေးရုံကြီးတစ်ရုံ၏VIPအခန်းအတွင်း၌လဲလျောင်း
နေသော မိန်းမပျိုလေးတစ်ယောက်ဘေးတွင်
အသက်၅၀အရွယ်လူကြီးတစ်ယောက်ဟာ
စိုးရိမ်ပူပန်မှုအပြည့်ဖြင့်မိန်းမပျိုအားစောင့်ကြည့်
နေရှာသည်။
မိန်းမပျိုလေးကတော့အပူအပင်အနှောင်အဖွဲ့
ကင်းမဲ့စွာဖြင့်အိပ်စက်နေလေရဲ့။သူမရဲ့ခန္ဓာကိုယ်က
သတိကင်းမဲ့နေသော်လည်းသူမရဲ့စိတ်ဝိဥာဥ်ကတော့
အဖြူရောင်ပန်းခင်းကြီးအလည်တွင်ရောက်ရှိ
နေ၏။အဆုံးမရှိကျယ်ပြန့်သောပန်းခင်းအလယ်
သူမဟာ မိဘနှစ်ပါးအားနေရာအနှံ့ရှာဖွေနေမိသည်။
"ဖေဖေ…မေမေ…"
သူမ ဘယ်လောက်ပဲခေါ်ခေါ်ပြန်ထူးသံတစိုးတစိမျှ
မကြားရသဖြင့်ဝမ်းနည်းစိတ်တွေရင်ဝယ်
ပြည့်နက်လာကာပန်းခင်းထဲလေးလံသည့်
ခြေလှမ်းများနဲ့လှမ်းနေမိချိန်တွင်သူမနားထဲ
ခေါ်သံတစ်ခုက နွေးထွေးစွာဝင်လာသည်။
ထိုခေါ်သံကြောင့်နောက်ကိုလှည့်ကြည့်မိတဲ့အခါ
သူမအားနှစ်လိုဖွယ်အပြုံးနဲ့ဆီးကြိုသမှု
ပြုနေတဲ့အမျိုးသမီးတစ်ယောက်အား
တွေ့ရတာမို့နွမ်းကျနေသည့်သူမမျက််နှာလေး
ပြန်လည်လန်းဆန်းလာကာပေါ့ပါးသွက်လက်လှစွာ
ထိုအမျိုးသမီးဆီကိုပြေးသွားလိုက်သည်။
ပျော်ရွှင်ကြည်နူးမှုတွေအပြည့်ပါဝင်နေတဲ့
ချစ်စဖွယ်အသံလေးနှင့်
"မေမေ!"ဟု ခေါ်ပြီးသူမရှေ့မှအမျိုးသမီးအား
အားရဝမ်းသာစွာပွေ့ဖက်ဖို့လက်ကမ်းချိန်မှာ
ပျောက်ကွယ်သွားတာကြောင့်သူမမျက်နှာလေး
စိုးရိမ်ဝမ်းနည်းမှုများစွာနဲ့
"မေမေ…အနွံဆီ…ပြန်လာခဲ့ပါ…မေမေ"
"သမီးလေး....သမီးလေး...."
YOU ARE READING
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Romance"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...
Part - 1
Start from the beginning
