Uni
၃၈။
ရက်တွေအတော်ကြာ နားပြီးမှ Black boss တစ်ယောက် အဝပြန်စားခွင့်ရတော့တယ်။
၃၉။
သူပဲ အစားတွေ တအားစားနေလို့လား၊ ရှောင်ယွမ်ကပဲ သူ့ကို ကောင်းကောင်းကျွေးနေလို့လား မသိပေမယ့် သူဒီရက်ပိုင်းဝလာတယ်လို့ ခံစားရတယ်။သူ့ဗိုက်က ပေါင်မုန့်ခြောက်လုံးမှာ နှစ်လုံးက ပျောက်သွားပြီ။
ပေါင်ချိန်စက်ပေါ်တက်ပြီး ဝိတ်ချိန်ကြည့်လိုက်တော့ မမျှော်လင့်ထားတဲ့ ဂဏန်းကြောင့် သူ့မျက်လုံးတွေ ပြူးကျယ်ကုန်တယ်။ ရှောင်ယွမ်က သူ့နားကပ်လာပြီး
"ဘယ်လောက်တဲ့လဲ"
Black boss က ပြန်မဖြေဘဲ ရှောင်ယွမ့်ကို ပုခုံးပေါ်ထမ်းတင်လိုက်တယ်။
"လမ်းများများလျှောက်ပြီး လေ့ကျင့်ခန်းများများလုပ်ရတော့မယ်"
ဒီညမှာ ရှောင်ယွမ်က အိပ်ပျော်နေပေမယ့် Black boss ကတော့ အိပ်မပျော်နိုင်သေးပါဘူး။ သူ တိတ်တိတ်ကလေးထပြီး ရေချိုးခန်းကို သွားတယ်။မှန်ရှေ့မှာရပ်၊ အင်္ကျီကိုမြှောက်ကာ သူ့ဗိုက်သူ ပွတ်ကြည့်တယ်။ ပြီးတော့ သူ သက်ပြင်းချလိုက်တယ်။ ဧည့်ခန်းထဲကို သွားပြီး ဝိတ်ချိန်ကြည့်ပြန်တယ်။
ဒီနေ့ ညနေစာလျှော့စားထားတာကို ဝိတ်က ဘာလို့မကျသေးတာလဲ။
သူခြေဖျားထောက်ပြီး အိပ်ခန်းထဲကို ပြန်လာတယ်။ ရှောင်ယွမ့်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းတော့မယ့်အချိန်မှာ ရှောင်ယွမ်က နိုးနေလိမ့်မယ်လို့ မထင်ထားဘူး။ရှောင်ယွမ့်ဖက်က ဦးအောင် သူ့ရင်ခွင်ထဲ တိုးဝင်လာပြီး သူ့ဗိုက်ကို ဆွဲညှစ်တယ်။
"ဗိုက်ပူပူလေးဆိုတော့ ချစ်ဖို့ကောင်းတာပေါ့။ညှစ်လို့လည်း ကောင်းတယ်။ အစားတော့မလျှော့ပါနဲ့။ ကောင်းကောင်းစားပြီး လေ့ကျင်ခ့န်းကောင်းကောင်းလုပ်လေ။ ကျွန်တော်က မစ္စတာကျိုး ဘယ်လိုပုံစံပဲဖြစ်ဖြစ် သဘောကျပြီးသားပါ"
"အင်းပါ..."
၄၀။
Black boss ကတော့ ဝိတ်ကျချင်တုန်းပဲ။ ဒီအတွက် သူ့မှာ အကြောင်းပြချက်ရှိတယ်။ရှောင်ယွမ့်ကို propose လုပ်ချင်လို့ပါ။ ဒါပေမယ့်လည်း ဝိတ်ချဖို့ရာက ခရီးရှည်လွန်းတယ်။ သူ ဒီ့ထက်လည်း ပိုမစောင့်ချင်တော့ဘူး။

YOU ARE READING
မ"မာ"နိုင်တာကပြဿနာကြီးမဟုတ်ပါဘူး/မ"မာ"နိုင္တာကျပႆနာႀကီးမဟုတ္ပါဘူး
Short StoryEnglish translator--PastTimer ""Permission granted from English translator" Title--Regarding the trivial matter of not being able to get hard English translation link👇 https://www.wattpad.com/story/278921776?utm_source=android&utm_medium=link&utm_c...