Uni
၁၃။
ဗလာနတ္ထိ ဧည့်ခန်းထဲမှာ Black Boss နဲ့ ရှောင်ယွမ်တို့က ဆိုဖာပေါ်မှာ တင်ပျဉ်ခွေထိုင်ပြီး တစ်ယောက်ကို တစ်ယောက် မျက်နှာမူလျက် ကြည့်နေကြတယ်။ ရှောင်ယွမ်ရဲ့မျက်လုံးကြီးတွေက စပျစ်သီးတွေလိုပဲ ဝိုင်းစက်ပြီးတောက်ပနေတယ်။
အဲ့မျက်လုံးကြီးတွေက လှလိုက်တာ....။
ဒါပေမယ့် သူ ရှောင်ယွမ်ကို မစဥ်းစားဘဲ အိမ်ခေါ်လာမိလို့ နောင်တရတယ်။Black boss တစ်ယောက် သူ့မေးသူပွတ်ရင်း တွေးလိုက်တယ်။သူက ငါးတွေကို အစာကျွေးဖို့ မြစ်ကို သွားချင်တိုင်းသွားနေတဲ့သူ ဖြစ်တယ်။ သူဟာ တစ်ယောက်တည်း နေတတ်သူဖြစ်တယ်။ အခုတော့ လူပိုတစ်ယောက် ထပ်ခေါ်လာမိတာကြောင့် သူ့မှာ တာဝန်ပိုလာရတယ်။
သူ့ဆန္ဒအတိုင်းလည်း သတ်သေလို့ မရတော့ဘူး။ဒါက သူ့ကို နည်းနည်းတော့ အဆင်မပြေဖြစ်စေတယ်။
ဂွီ.....။
ရုတ်တရက် Black Boss ရဲ့ဗိုက်က အသံထွက်လာတယ်။ မွန်းတည့်နေပြီဖြစ်ပေမယ့် သူ အခုထိ မနက်စာ မစားရသေးဘူး၊၊ မနေ့ညက စားထားတဲ့ ကြက်သွန်မြိတ်တွေနဲ့ ပန်ကိတ်အလိပ်တွေကလည်း အီးအီးထဲ ပါသွားပြီလေ။
သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြရင်း ရှောင်ယွမ်က ရှက်သလို အကြည့်တွေကိုလွှဲလိုက်ပြီး ခေါင်းငုံ့လိုက်တယ်။
"ဆရာ၊ ဗိုက်ဆာနေလားဟင်။ ကျွန်တော် ကောင်းကောင်းချက်တတ်ပါတယ်"
ရှောင်ယွမ် ရဲ့ ဟင်းချက်စွမ်းရည်က တကယ်ကောင်းတယ်၊၊ မွှေးပြီး အရသာရှိတယ်လို့ ထမင်းသုံးခွက်စားတဲ့ Black boss က ဆိုဖာပေါ် လှဲရင်း ဗိုက်ကို ပွတ်ကာ တွေးလိုက်တော့တယ်။
၁၄။
ရှောင်ယွမ်ရဲ့ အနာဂတ်ဘဝကိုလည်း သူ စဉ်းစားရသေးတယ်။သူဟာ တာဝန်သိတတ်တဲ့သူတစ်ယောက် ဖြစ်တာကြောင့် ရှောင်ယွမ်ကိုခေါ်လာမိတဲ့အတွက် သူတာဝန်ယူရမှာကို သိတယ်။ မဟုတ်ရင် သူစိတ်ဖြောင့်မှာ မဟုတ်ဘူး။
Black boss က သူ့ဆံပင်ကို ဒေါသတကြီး ဆွဲဖွပြီး စေ့စေ့စပ်စပ် တွေးကြည့်တယ်။ တော်တော်ကြာတော့ အဖြေကောင်းတစ်ခု ရလာတယ်။ ဒါပေမယ့် အဲ့ဒါကို မလုပ်ခင် သူရှောင်ယွမ်ကို အရင်မေးကြည့်ရအုံးမှာ။

YOU ARE READING
မ"မာ"နိုင်တာကပြဿနာကြီးမဟုတ်ပါဘူး/မ"မာ"နိုင္တာကျပႆနာႀကီးမဟုတ္ပါဘူး
Short StoryEnglish translator--PastTimer ""Permission granted from English translator" Title--Regarding the trivial matter of not being able to get hard English translation link👇 https://www.wattpad.com/story/278921776?utm_source=android&utm_medium=link&utm_c...