Uni
(မှတ်မိသေးရဲ့လား။ မမှတ်မိရင် အစကနေပြန်ဖတ်ပေးနော်😜
ဒါလေးကို up မယ် up မယ်နဲ့ အသစ်တွေ ထပ်ထပ်ပြီး ကိုင်လိုက်တော့ ကြားထဲမှာ ပြတ်သွားတယ်။
နှောင့်နှေးမှုအတွက် တောင်းပန်ပါတယ်နော်💛)
၆။
ပဉ္စမမြောက်နေ့ ညနေမှာ Black Boss က ပန်ကိတ်နှစ်လိပ်ကို ဝယ်လိုက်တယ်။ ကြက်သွန်မြိတ်တွေ ပါပြီး ဝက်အူချောင်းရယ်၊ကြက်ဥကြော်ရယ်နဲ့ အရသာကအတော်ကောင်းတယ်။ အဲ့အပေါ်မှာ ချိုစပ်စပ်ဆော့စ်ကိုလည်း ဖြူးထားတယ်။
ဒီညမှာလည်း Black boss ကလက်ရန်းကိုမှီပြီး ပန်ကိတ်စားရင်း ရှောင်ယွမ်ကိုစောင့်နေခဲ့တယ်။
နောက်ဆုံးတော့ သူကြိုးစားတာတွေက အရာရောက်ခဲ့ပြီ။ ရှောင်ယွမ်က ဒီဖက်ကို လျှောက်လာနေတယ်။
သူ ရဲဆေးတင်လိုက်ပြီး ရှောင်ယွမ်ဆီသို့ ငွေတွေအပုံလိုက် အမ်းပေးဖို့ အမြန်လျှောက်လာလိုက်တယ်။ သူဒီည ယွမ် ၂၀၀၀၀ တန်ကို ကစားချင်တယ်လို့ ပျော်ပျော်ကြီး အော်ပြောတော့မယ့်အချိန်မှာပဲ လူနှစ်ယောက်က ရှောင်ယွမ်အနား ချဥ်းကပ်လာပြီး တစ်ယောက်က ဘယ်၊တစ်ယောက်က ညာကနေ ရှောင်ယွမ်ကို ပူးညှပ်ထားကြတယ်။
ရှောင်ယွမ်က မဲ့ပြုံးပြုံးလိုက်ပေမယ့် ရုန်းကန်တာမျိူးမလုပ်ဘူး။ Black boss လည်း သူတို့နောက်ကို တိတ်တိတ်လေး လိုက်သွားခဲ့တယ်။ လူနေရပ်ကွက်ရဲ့ လမ်းကြားထဲကို လျှောက်သွားတော့ လမ်းက မှောင်နေတယ်။ အဲ့အချိန်မှာပဲ ခပ်ဝေးဝေးမှ အော်ဟစ်အကူအညီတောင်းသံကို ကြားလိုက်ရတယ်။
သူ တစ်ချက်ကြည့်လိုက်တော့ ယောက်ျားတစ်ယောက်က ရှောင်ယွမ်ကို မြေကြီးပေါ်မှာ ဖိထားတယ်။ နောက်တစ်ယောက်က ရှောင်ယွမ်ရဲ့ ဆံပင်ရှည်ကြီးကို အားနဲ့ ဆွဲယူလိုက်ပြီးတော့ ရှောင်ယွမ် ရဲ့ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်တယ်။
ထိုခဏမှာပဲ Black boss ရဲ့မျက်လုံးတွေက ပြူးကျယ်ကုန်တယ်။
ဒီပုံစံအတိုင်းဆို ရှောင်ယွမ်ရဲ့ဆံပင်တွေ ကျွတ်ကုန်တော့မယ်!!

YOU ARE READING
မ"မာ"နိုင်တာကပြဿနာကြီးမဟုတ်ပါဘူး/မ"မာ"နိုင္တာကျပႆနာႀကီးမဟုတ္ပါဘူး
Short StoryEnglish translator--PastTimer ""Permission granted from English translator" Title--Regarding the trivial matter of not being able to get hard English translation link👇 https://www.wattpad.com/story/278921776?utm_source=android&utm_medium=link&utm_c...