မှိုင်းညှို့ရီဝေတဲ့ မျက်ဝန်းတွေနှင့် ပြောလာခဲ့ရင်း အဝေးတစ်နေရာသို့ မျက်နှာလွှဲထားလိုက်မိသည်။ စွမ်း၏ စိတ်ကို စာနာသောအားဖြင့် စိုးပိုင် ခေါင်းတညိမ့်ညိမ့်နှင့် လက်ခံသည့် အရိပ်အယောင်အား ပြလေသည်။
------------- --------------ကျူး လက်ထဲမှာ အထုပ်ပေါင်းများစွာနှင့် လျှောက်လာစဉ် ကားအမြင့်တစ်စီးက သူမအရှေ့သို့ ထိုးရပ်လိုက်တော့ ခြေလှမ်းတွေ နှေးသွားကာ ထိုကားကို လှမ်းကြည့်လိုက်မိသည်။
"ကျူး..."
မောင်းသူနေရာမှ အာကာဟိန်းက ရင်းနှီးဖော်ရွေစွာ သူမ နာမည်လေးအား လှမ်းခေါ်လိုက်သည်။
"ကိုအာကာဟိန်းပါလား..."
"အိမ်ပြန်မလို့လား ကျူး"
"ဟုတ်တယ်..."
"ကျွန်တော်လည်း အိမ်ပြန်မှာဆိုတော့ လမ်းလည်းကြုံနေတာပဲ... တစ်ခါတည်းလိုက်ခဲ့လေ...."
"နေပါစေ.... ရပါတယ်၊ ကျူးဘာသာပဲ ပြန်လိုက်ပါ့မယ်"
အားနာသလိုပြောလာတဲ့ ကျူးကို အာကာဟိန်းက ပြုံး၍....
"မဟုတ်တာ... လာပါဗျာ... တစ်ခါတည်းလိုက်ခဲ့လိုက်ပါ"
ဆက်ငြင်း၍ မကောင်းတော့သည်မို့ အားနာနာနှင့် တစ်ဖက်သို့သွားကာ အာကာဟိန်း တံခါးဖွင့်ပေးထားသည့်နေရာသို့ တက်လိုက်ပါသည်။ ထိုနေရာမှ မောင်းထွက်သွားပြီး ခဏအကြာ ဘေးတိုက်မြင်နေရသော ကျူးအား တစ်ချက်ကြည့်လိုက်သည်။
"ဈေးဝယ်ပြီး ပြန်လာတာလား"
"ဟုတ်တယ် ကိုအာကာဟိန်းရဲ့... ဝယ်နေကျမဟုတ်လို့လား မသိပါဘူး ခေါင်းတွေမူးနောက်နေတာပဲ..."
"ဟို... ကျူး သွားချင်တဲ့နေရာတွေရှိရင် ကျွန်တော့်ကိုပြောလေ.... ကျွန်တော်လိုက်ပို့ပေးပါ့မယ်.... ကျွန်တော်က ဒီဒေသခံ မဟုတ်ပေမယ့် ဒီကိုမကြာခဏရောက်ဖြစ်တော့ လမ်းတွေ ကျွမ်းပါတယ်ဗျ"
"ဟုတ်ကဲ့ပါ.... ကျေးဇူးတင်ပါတယ်ရှင်...."
လက်ထဲက အထုပ်တွေကို ကျစ်ကျစ်ကိုင်ထားရင်း အာကာဟိန်းကို အလိုက်သင့်လေး ပြန်ပြုံးပြလိုက်သည်။
YOU ARE READING
💕အကြင်နာဒိုင်ယာရီ💕
Romance💕အကြင်နာဒိုင်ယာရီ💕 ~~~~~~~~~~~~~~~ ဖြစ်နိုင်ရင် ဒီအခြေအနေတွေကြားမှာ အဲ့ဒီတစ်ရက်ကို ရပ်တန့်ထားချင်မိတယ် မင်းစွမ်းရည် ကျူးတို့က ရွေးချယ်ခွင့်မရှိတဲ့လမ်းမှာတောင် ကိုယ့်ဘာသာ ဖြေသိမ့်သေးတာပဲ... ရှင်ကိုယ်တိုင်ရွေးချယ်ထားတဲ့...
အပိုင်း(၁၈)
Start from the beginning