'' Hanbina... ကိုယ်ပိုင်entတောင်ထောင်လို့ရအောင် ချမ်းသာနေတဲ့ နာမည်ကျော်ကြီး​က ငါ့ent သေးသေးလေးကို ဘာလို့လာချင်နေတာလဲ မင်းကိုမခေါ်ချင်ဘူး သွားသွား ''

'' ငါ့ကိုမခေါ်ချင်ရင် မင်းcompanyကတစ်ယောက်ကိုပေး ''

'' ငါကဘာလို့ပေးရမှာ ''

Keitaက မကျေမနပ်နဲ့ပြောတော့ Hanbinကအသာရယ်က ရှေ့ကအအေးခွက်ကိုယူသောက်သည် ။

'' ငါတိုက်ထားတဲ့ အအေးလဲမသောက်နဲ့ ပြန်ကွာ သွားလို့ ဘာတွေလာကြံစည်နေတာလဲ ''

'' Seok Matthew ကိုလိုချင်တယ် ''

အတည်ပေါက်ကြီးပြောနေတာကြောင့် Keita ဘုရားတမိသွားရ၏ ။ ခန္ဓာကိုယ်ကို Sung Hanbin နားတိုးလိုက်ကာ သေချာမေးလိုက်တယ် ။

'' ဘာလို့လိုချင်ရတာလဲ ''

'' အဲ့ကလေးကို ငါစိတ်ဝင်စားလို့ ''

'' ငါ့ကိုcompanyရောင်းပြီး လမ်းဘေးထွက် ခွက်ဆွဲရအောင် မလုပ်ပါနဲ့ကွာ တောင်းပန်ပါတယ် ''

'' မင်းcompany မရောင်းချင်ရင်ငါနဲ့စာချုပ်ချုပ်လို့ဒီမှာငါပြောပြမယ် ''

'' မကြားချင်ဘူး ငါ့ကိုထပ်ပြီးမမွှေပါနဲ့တော့ နောက်ပြီး ဟိုကနေဒါသားကလဲလွယ်တာမဟုတ်ဘူး ''

'' အဲ့ကလေးလေးလေ သိပ်ချစ်ဖို့ကောင်းတယ်
ဟိုတလောက CF ရိုက်ကွင်းတစ်ခုမှာ တွေ့လိုက်တယ် သူပြုံးနေတာလေးကို မြင်လိုက်ရတာ ရင်ဘတ်ထဲဗြောင်းဆန်သွားတာပဲ ''

ရင်ဘတ်ကိုပုတ်ပြကာ ချစ်ရည်ရွှမ်းတဲ့မျက်လုံးတွေနဲ့ ပြုံးပြုံးကြီးပြောနေသူကို Keita အာရုံနောက်စွာကြည့်လိုက်မိသည် ။ အချစ်ရူးရူးနေသည့် သူငယ်ချင်းဟာ ဖြေဆေးရှာတွေ့မယ်ပုံလဲမပေါ် ။ တစ်ဘက်ကလဲ ပြောမနာဆိုမနာသူငယ်ချင်း တစ်ဘက်ကလဲ ညီငယ်လေးလိုချစ်ရတဲ့ ကိုယ်ပျိုးထောင်ပေးထားသည့်ကလေး နှစ်ယောက်လုံးက ခေါင်းမာကြသည်ကိုသိတော့ Keita မျက်ခုံးလှုပ်နေမိပြီ ။

'' Hanbin မင်းလဲသိရဲ့သားနဲ့ ချစ်တာကချစ်လို့ရပါတယ် ဒါပေမယ့် ဒီလောကထဲရောက်နေတဲ့သူတွေအတွက်က ဖြစ်နိုင်စရာ%နည်းနည်းလေးတောင်မရှိဘူးကွ ''

My Bias's Ex Became Mine!  [one shot]Onde histórias criam vida. Descubra agora