ရာဇဘုံမာန် အနောက်ကနေ သူ့ခါးကိုတင်းကြပ်အောင်ဖက်ထားတဲ့ကိုကိုကြောင့် ပြုံးကာ ဆိုင်ကယ်ကိုအရှိန် ပိုတင်လိုက်တယ်။

"ရာ..ရာဇာ..."

သဲကြင်ယာမှာ ဘုရားစာရွတ်ပြီးလိုက်နေရတယ်။

ဆိုင်ကယ်ရပ်တော့မှ အသက်ဝအောင်ရှူရတယ်။

"ကိုကို ရောက်ပြီ.."

သဲကြင်ယာ ကြည့်လိုက်တော့ ကစားကွင်းဖြစ်နေတာကြောင့် ပြုံးလိုက််မိတယ်။

သဲကြင်ယာ ရဲ့အပြုံးကို မြင်ပြီး ဘေးနားက ကြည့်နေတဲ့သူတွေကြောင့် ရာဇဘုံမာန်သတ်ချင်စိတ်ကို ထိန်းမရဖြစ်ပြီး မျက်မှောင့်ကြုံ့ကာ

"ကိုကို!!!မပြုံးနဲ့.."

"ဟင်.."

သဲကြင်ယာ မှာ လန့်သွားတာကြောင့် ပြုံးတာတောင်ဘယ်ရောက်သွားမှန်းမသိချေ။

"ဘာလို့လဲ ရာဇာ.."

"ကျစ်.."

ရာဇဘုံမာန်က ဘာမှမပြောပဲ သဲကြင်ယာရဲ့လက်ကောက်ဝတ်ကိုဆွဲကာ ကစားကွင်းထဲ ခေါ်သွားတော့တယ်။

"ရာဇာ ဆရာ့လက်နာနေပြီ.."

အဲ့တော့မှ ရာဇဘုံမာန်က အလန့်တကြား ပြန်ကြည့်မိတယ်။

"ကိုကို ရရဲ့လား..ကျွန်တော် တောင်းပန်ပါတယ်နော်.."

"ရပါတယ်.."

ရာဇာကို ပြုံးပြီး ပြောလာတဲ့ ကိုကိုကြောင့် ရာဇဘုံမာန် မျက်လုံးတွေ မှောင်မိုက်သွားရပြန်တယ်။စိတ်ထဲတွင်တော့

*အား..ကိုကို ခင်ဗျားရာ ကျွန်တော်ရူးတော့မှာပဲ..အဲ့လောက် ချစ်ဖို့မကောင်းပါနဲ့လို့..*

"ရာဇာ ရရဲ့လား မျက်နှာတွေနီရဲနေတာပဲ.."

*ကျစ် ငလူးလေး ဒီချိန်မှ ထလာရလား..*

"ကိုကို ဟို စားသောက်ဆိုင်ထဲ ဝင်သွားပြီး ထိုင်နေနော် ကျွန်တော် ခဏနေပြန်လာခဲ့မယ်..."

ပြောပြီး ရာဇဘုံမာန်တစ်ယောက် သန့်စင်ခန်းထဲ ပြေးရတော့တယ်။

အထဲရောက်တော့မှ ဘောင်းဘီနဲ့ boxer ကို ချွတ်ကာ လက်ဖြင့်လှုပ်ရှားရတော့တယ်။

ကိုကိုက ကျွန်တော့်အပိုင် (Completed)Where stories live. Discover now