" အမ်...ဟို ဒါနဲ့ အမူးပြေသွားပြီလား..."

" ဟုတ်ကဲ့..."

" မနေ့ညက သိပ်မသောက်လို့
မမူးလောက်ဘူးထင်နေတာ..."

" မူးပေမယ့် နည်းနည်းပဲ မူးတာပါ..."

တဖက်က Jennie ရဲ့ စကားကြောင့်
ဟက်ခနဲရယ်မိသွားသည် ။
သောက်မမူးကြောင်း ရှင်းပြနေတယ့်
အသံက ခပ်စွာစွာရယ် ။
ပထမဆုံး Jisoo နဲ့ စတွေ့မိတုန်းက
ခပ်စွာစွာ မိန်းကလေးလိုမျိူးပဲ ။

အဲ့နောက် သူတို့နှစ်ယောက်
အကြောင်းအရာ ရေရေရာရာရယ်
မရှိဘဲ ဆယ်မိနစ်လောက်
စကားဆက်ပြောဖြစ်ကြတယ် ။

ဘာလို့ ဒီလိုဖုန်းပြောနေကြလဲ
Jennie မသိတော့ပါ ။
သူမနဲ့ Jisoo က ဖုန်းပြောကြလောက်
တယ့်အထိ ရင်းနှီးနေပြီလား ။
ရင်းနှီးနေတယ့် ဆက်ဆံရေး
တစ်ခုလား ။

တကယ်ဆို သူမဟာ
ဖုန်းပြောရတာကို မုန်းတယ့်လူလေ ။
ဒါကြောင့် စောနက ‌ဖုန်းခေါ်ဖို့တောင်
တွန့်ဆုတ်နေခဲ့တာ ။
ဖုန်းပြောရတာ သူမအထင်
သိပ်ပြီး အဆက်မပြေသလို
ခံစားရပြီး အဲ့အစား စာပို့တာက
ပိုပြီး အဆင်ပြေလို့ သူမ
တော်ရုံဖုန်းတွေ ရှောင်တယ် ။

ဒါပေမယ့် Jisoo နဲ့
ဖုန်းပြောရတော့ သူမရဲ့
ခံစားချက်က တစ်မျိုးပဲ ။
ဖုန်းပြောတယ့်အခါ ဘယ်သူနဲ့မှ
မခံစားဖူးတယ့် သက်သောင့်သက်သာ
ဖြစ်မှုကို ရူးကြောင်ကြောင်နိုင်စွာပဲ Jennie ခံစားရသည်  ။

အရက်မူးနေလို့ မဟုတ်ဘဲ
ပုံမှန်အတိုင်း အခြေအနေတောင်မှ
သူမ Jisoo နဲ့ သက်သောင့်သက်သာနဲ့
စကားပြောခဲ့တာ ။
ပြီးတော့ သူ့ကို အတော်လေးရင်းနှီး
နေတယ့် လူတစ်ယောက်လိုမျိုး
စိတ်ကောက်တယ့် လေသံနဲ့တောင်
ပြောနေခဲ့မိသေးတယ် ။

' ဟာ Kim Jennie နင်ဘာတွေ
လုပ်နေတာလဲ ! '

သူမကိုယ်သူမ ပြောလိုက်ပြီး
ရှက်လို့ စောင်ထဲခေါင်းပြန်တိုးဝေ့
လိုက်သည်။ 

College က Professor တစ်ယောက်က
ဘာလို့ ဒီလောက် ဂရပ်ထနေလည်း
သူမကိုယ်တိုင်ပင် မသိတော့ ။

ကျောင်းသားတွေကို စာသင်နေတယ့်
Professor တစ်ယောက်က
အခုလို တစ်စုံတစ်ယောက်ကြောင့်
ရှက်ပြီး ကြောင်လေးတစ်ကောင်
လို စောင်ထဲ တိုးဝေ့နေမိတာ
မယုံနိုင်စရာဖြစ်နေသည် ။

Let me Love you Kde žijí příběhy. Začni objevovat