Unicode
"........."
ဒေါ်ပန်လျက်သာကတော့ ဦးမင်းလတ်အားဖုန်းဆက်ရင်းအကြောင်းစုံရှင်းပြ၍ ဦးရောင်ဖြာလင်းနဲ့တွေ့ရန်ပြောကြားခဲ့လေပြီ။ နောက်မှာတော့...
"ဦးရောင်ဖြာလင်း ခင်ဗျားဧည့်တွေ့ရောက်နေတယ်"
'ဟမ်...ဘသူပါလိမ့် ဒီနေ့ကပန်လည်းလာမှာတော့မဟုတ်လောက်ဘူး သူ့ဆေးရုံရက်ချိန်းသွားရမှာပါ အို...ထားပါတော့လေ' စိတ်ထဲကရေရွတ်ရင်းသံတိုင်တွေရဲ့အပြင်ဘက်ကို ယာယီခေတ္တမျှထွက်လာခဲ့တော့တယ်။ ရုတ်တရက်အံ့ဩရင်းမြင်လိုက်ရတဲ့သူကတော့....
"ဟာ မင်းလတ် မျှော်နေတာငါ့ကောင်ရ"
"ဪ အဲ့လိုလား မင်းအကြောင်းတွေငါကြားပြီပါပြီ ။ ပြီးတော့ မင်းသိအောင်လည်းငါကပြောပြလိုက်ဦးမယ် ငါဒီကိစ္စကိုကူညီမှာမဟုတ်ဘူး"
"ဘာ!!
မင်းယုတ်မာလှချည်လား"
"ဟုတ်တယ်မင်းမြင်တဲ့မင်းထင်တဲ့အတိုင်းပဲ ဦးမြတ်မောင်မောင်ကိုကားနဲ့တိုက်ခဲ့မိတာငါပဲ "
ခေတ္တမျှငြိမ်သက်သွားတိတ်ဆိတ်သွားတဲ့ အလုံပိတ်အခန်းလေး မျက်နှာချင်းဆိုင်စကားပြောအဆင်ပြေစေရန်သာ သေးငယ်တဲ့လေပေါက်လေးတွေဖောက်ထားတဲ့နေရာတစ်ခု အံ့ဩမှု ၊နာကျင်မှုတွေ၊ ဒေါသမီးတွေတောက်လောင်နေတဲ့ မျက်ဝန်းတစ်စုံ ။ ဦးရောင်ဖြာလင်း တစ်ယောက်စကားပြောရန်ပြင်ဆင်လိုက်ချိန်မှာပဲ...
"နေပါဦး ဆန္ဒတွေမစောရဘူးလေ ရောင်ဖြာရဲ့။ ပြီးတော့ ဒီအမှုကို မင်းလုပ်တာပါလို့ဝန်ခံလိုက် ငါ့နာမည်တော့မပါစေနဲ့နော် "
"ဘာကွ! !
ငါမလုပ်တဲ့အရာ ငါမသိတဲ့အရာအတွက်ငါကဘာလို့ဝန်ခံရမှာလဲ ရူးနေတာမှမဟုတ်ပဲကွ"
"မင်းအလို့လေ လူတိုင်းကိုယုံကြည်တဲ့မင်းကိုမင်းအပြစ်တင်လိုက်စမ်းပါ"
နှုတ်ခမ်းထောင့်ကွေးရုံမျှ ခနဲ့ပြုံး ပြုံးရင်း လက်လေးပြပြီး နှုတ်ဆက်ခါနီးမှ ခေါင်းလေးလှည့်၍
"ဪ မေ့တော့မလို့ ဝန်ခံလိုက်နော် တရားရုံးမှာ မင်း.ပါ.ပဲ.လို့ "
BINABASA MO ANG
လာမည့်...အမျှော်
Romance"မောင် သိပ်တမ်းတမိတယ် မောင်ရဲ့အတ္တတွေနဲ့ ခြွေခဲ့မိတဲ့ ရနံ့သင်းညမွှေးပန်းလေးကိုပေါ့"
