ရိပေါ် ဒီနေ့ လိုတာလေးတွေဝယ်ဖို့ စာအုပ်ဆိုင်ကိုစောစောရောက်လာခဲ့လိုက်တယ်
စာအုပ်ဆိုင်ရောက်တော့...
''အာ...စာအုပ်ကမမှီဘူး''
ရိပေါ်ကအရပ်လေးမဆိုသလောက်နိမ့်နေတာကြောင့် လိုချင်တဲ့စာအုပ်ကိုမမှီပေ
ရိပေါ် ဘေးဘီကိုတစ်ချက်ကြည့်လိုက်တော့ ခုံလေးတစ်လုံး
ရိပေါ်လဲ ထိုခုံကိုခုပြီးစာအုပ်ယူဖို့အလုပ်...
ခန္ဓာကိုယ်ကဟန်ချက်ပျက်ပြီး ယိုင်ကျသွားတယ်
ရိပေါ် ခန္ဓာကိုယ်နဲ့ကျမ်းပြင်ထိစပ်သွားမယ်ထင်ခဲ့ပေမယ့် မထင်မှတ်စွာ
''ဟင်...''
ထင်ထားသလိုမဖြစ်ဘဲ လေဟာနယ်ထဲမှာရပ်တန့်သွားတာကြောင့်
ကြောက်ကြောက်လန့်လန့်နဲ့မှိတ်ထားတဲ့ မျက်လုံးကိုပြန်ဖွင့်ကြည့်လိုက်တော့တွေ့လိုက်ရတာက ရင်ခွင်တစ်စုံ....
ထိုရင်ခွင်ထဲကနေမော့်ကြည့်လိုက်မိတော့ အေးချမ်းတဲ့မျက်နှာမျိုးကိုပိုင်ဆိုင်ထားသူတစ်ယောက် ရိပေါ်ရဲ့အကြည့်တွေက ထိုလူသားရဲ့နှုတ်ခမ်းအောက်က မှဲ့နက်လေးမှာပဲရပ်တန့်သွားတယ်
''အဆင်ပြေရဲ့လား ညီ''
အသံကြားမှရိပေါ်အသိပြန်ဝင်လာပြီး ထိုလူရဲ့ရင်ခွင်ထဲကထွက်လိုက်တယ်
''အာ... ရပါတယ်ဗျ အဟီးးးး''
ထိုလူကရိပေါ်ကိုပြုံးကြည့်ပြီး သူ့စာအုပ်ကိုသူ့ဘာသာပြန်ရွေးနေတယ်
ရိပေါ်ကတော့ မထင်မှတ်စွာတွေ့လိုက်ရတဲ့ ထိုလူပြုံးသွားတုန်းကမြင်လိုက်ရတဲ့ ယုန်သွားလေး၊နှုတ်ခမ်းအောက်ကမှဲ့လေး ပြီးတော့...
ရိပေါ်ရင်ထဲ ခုန်ပေါက်သွားတယ် ရိပေါ်ရဲ့ ဦးနှောက်ထဲက အချက်ပေးသံတွေဟာလဲ ဆူညံစွာထွက်ပေါ်လာတော့တယ်
ဟုတ်တယ် ထိုလူက ရိပေါ်ဟိုနေ့ကကျောင်းမှာဖြတ်ခနဲ့ တွေလိုက်ရတဲ့ကောင်လေး တစ်နည်းအားဖြင့် ရိပေါ်ရဲ့အိမ်မတ်ထဲကကောင်လေး....
YOU ARE READING
အတိတ်ဖူးစာ