''ကျတော်က ၁၀နှစ်''.
''ဟုတ်ပီ...ကိုကိုတို့ဒီကထွက်ရအောင်...''
''ဟုတ်''
.......
''ကင်ထယ်ယောင်း မင်း မာမီ့ကိုမပြောဘဲပျောက်သွားပြန်ပီပေါ့...အခုတော့မင်းကိုအပြစ်ပေးရတော့မယ်... ဂျီယောင်း သွား ကြိမ်လုံးသွားယူစမ်း''
ပေကပ်ကပ်လုပ်နေတဲ့ဂျီယောင်း သူ့ညီလေးရိုက်ခံရမှာစိုးရိမ်၍... ရပ်နေရာမှ တစ်ဖဝါးမှမရွေ့...
(ဂျီယောင်း- ကင်ဂျီယောင်းဆိုတာ...ကင်ထယ်ယောင်းရဲ့တစ်ဦးတည်းသောအကို)
''ဂျီယောင်းမင်းပါအပြစ်ပေးခံချင်နေတာလား?''
''အဒေါ်ကြီး ကျမကိုမြန်မြန်သွားယူပေးစမ်းပါ''
''ဟုတ်....ဟုတ်....''
(အိမ်က အဒေါ်ကြီးလဲမာမီ့ကိုကြောက်ကြောက်နဲ့သွားယူပေးရရှာသည်)
ကင်ထယ်ယောင်းကတော့ မျက်တောင်ပင်မခတ်
မာမီရိုက်လဲ အံကြိတ်ခံမယ့်ပုံ....
အဒေါ်ကြီး ကြိမ်လုံးယူပြီးမာမီလက်ထဲထည့်ပေးလိုက်တော့....
မာမီလွှဲ၍ရိုက်တော့သည်...
''ဖြန်းးးးးး''
''အ...............''
လွှဲ၍ရိုက်လိုက်ချိန် ကိုကိုက ကျတော့်ကိုဖက်လာသည် ကျတော်မနာ၍ မော့ကြည့်တော့ ကိုကို ကျတော်ကိုကာထားပေး၍ဖြစ်၏
ကျတော်မျက်လုံးတွေပြာဝေသွားသည်...
မာမီဆို မျက်လုံးပြူးသွားပြီး သူများအိမ်ရဲ့အဖိုးတန်သားလေးကိုရိုက်လိုက်မိပြီ...
ရိုက်ချင်တာက ကင်ထယ်ယောင်း.ဘာလို့
ဟိုကလေးက ကာကွယ်ပေးရတာလဲ.....
''အို...သားရယ်.....ဘာလို့ ဒီလူဆိုးလေးကိုကာကွယ်ပေးရတာလဲ...''
''ညီလေးက လိမ္မာပါတယ် အန်တီ သူ့ကိုမရိုက်ပါနဲ့နော်...''
''အေးကွယ် အန်တီမရိုက်တော့ဘူးနော်....ပြပါအုံး
ဘယ်နားနာသွားလဲ အန်တီဆေးလိမ်းမယ်...''
''ဒီနားလေး.....''
သူ့လက်မောင်းလေးကိုလက်ညှိုးညွှန်ပြလာသည်
''မောင်'' (Part 1)
Start from the beginning