" ကလေးငယ်...."" ဗျာ...."
အိပ်ယာနိုးနိုးချင်း လစ်လပ်နေခဲ့သော ရင်ငွေ့နွေးနွေးလေးကြောင့် အပေါ်ဝတ်T-shirt အနက်လေးကိုကောက်စွပ်ကာ လှေကားတစ်လျှောက်ဟစ်အော်ကာ ခေါ်နေမိသည့် နာမ်စားလေး။
ဒုန်းဆိုင်း ဆင်းလာသော သားငယ် ရဲရင့် အသံကြောင့် တစ်အိမ်လုံးကအလုပ်မားတွေက ဘာဖြစ်သလဲ ခေါင်းထူကြည့်ချင်သော်လည်း နူတ်မှ " ကလေးငယ်" ဟူသော နာမ်စားကိုသာ မပြတ်ရွတ်ဆိုနေသူမို့ ကိုယ့်အလုပ်ကိုယ်သာ အေးဆေးလုပ်နေမိသည်။
" ဗျာ" ဟူသော အသံလေးကြားမှ ရင်အေးရတယ်ဆိုပေမယ့် သူ့လေးမျက်နှာတော် မမြင်ရသေးသမျှ ဒီကောင်ရင် မငြိမ်းချမ်းသည်မို့ အသံလာရာဆီသာ ရှေ့ရူမိသည်။
Dinning room ထဲမှာ coffee jar လေးဖြင့် အလုပ်ရူပ်နေသူလေး။
ဝတ်ထားသောအညိုရောင် ရှပ်အကျီပွပွလေးက မနေ့ညက ကိုယ့်ချစ်သက်သေ အပြူအမူသက်သေတို့ကို မနိုင်မနင်း ဖုံးဖိထားရဟန်။
ပြေလည်ကြပြီဆိုကတည်းက မျက်စိအောက်မှာထား၍ အစွမ်းကုန် ချစ်ပေးပြီး မျက်နှာတစ်ချက်မည်ိုးနွမ်းစေရ။ သားသားကို အပါးက နံနက်အချိန်အခါ လာရောက်ခေါ်ဆောင်တက်သော်လည်း ရံဖန်ရံခါ အပါးနဲ့သာ အတူနေသည့် သားသားကြောင့် ကလေးငယ်မျက်နာလေးကို အညိုးမခံနိင်လောက်အောင် ပိုမိုချစ်ကဲပိုရပြန်သည်။
Jack တို့ ဂျာမဏီပြန်သွားသော်ကြောင့်အပါးက တစ်ယောက်တည်းမို့ အိမ်ခွဲမနေစေဘဲ ဟန်သာအိမ်တော်မှာသာ နေစေခဲ့သည်။ သားသားကိုယ်တိုင်က သူ့အဖိုးကိုစိတ်မချ၍ ကလေးငယ်ကိုပါ အတူနေထိုင်စေခဲ့သည်လေ။
" ဘယ်ချိန်ကတည်းက နိုးနေတာလဲ ..."
Kitchen room ထဲက coffee pot လေးနဲ့အလုပ်ရူပ်နေသူလေး၏ နောက် ဖက်ဆီကနေ ရစ်သိုင်း၍ မြတ်နိုးရသည့် ခါးသွယ်သွယ်လေးကို ခပ်ဖွဖွဖက်ထားကာ သူ့လေး၏ လည်ဂုတ်သားဆီ မျက်နှာအပ်၍ ကလေးငယ် ကိုယ်သင်းရနံ့ကို နံနက်ချိန်ခါဝယ် အပြည့်အဝမွှေးကြူနမ်းရိူက်မိသည်။
" လွှတ်အုံး....ဟိုမှာ ကလေးမတွေ ရှိနေတယ်လေဗျာ..."
ကလေးငယ်စကားအဆုံး မျက်လုံးကိုဝေ့ဝိုက်ကာ ထွက်သွားပေးဆိုတဲ့အကြည့်မျိုးကြောင့် လုပ်လက်စ အလုပ်များကို ခတ္တရပ်ဆိုင်းကာ ခေါင်းငုံ့၍ ထွက်သွားကြသော အိမ်အကူကောင်မလေးများ။

YOU ARE READING
ချစ်ခြင်းတို့အလွန်
Romanceကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ့် သားသားလေးက ကျွန်တော် ဘဝ ၊ကွန်တော်အနာဂတ် နဲ့ကျွန်တော် ရှေ့ဆက်နေရတယ် ကောင်းပြည့်ဝေလျှံ ကိုကို ဘယ်လိုတောင်းပန်မှ ကလေး တို့သားအဖ အနာ...