''ဟေ့ဟေ့ ဟိုနှစ်ယောက်''
သူငယ်ချင်းတွေရောက်လာကြတာကြောင့် ကောင်လေးကသူကိုင်ထားတဲ့ကောင်မလေးရဲ့လက်ကိုလွတ်လိုက်တယ်
''ရိရိ ငါတို့ရုပ်ရှင်သွားကြည့်မလို့ လိုက်ခဲ့''
''အာ...နင်တို့ဘာသာသွားလိုက်ပါဟာ''
''အမလေးကောင်မ ရည်းစားရပြီးထဲကငါတို့ကို ဂျောင်ထိုးထားတာ မရဘူး လိုက်ခဲ့''
ထိုကောင်မလေးက သူ့ချစ်သူမျက်နှာလေးအား အားကိုးတကြီးလှမ်းကြည့်တော့ ထိုကောင်လေးကပြုံးသွားတယ်
''ရှောင်ပိုင်ပါ လိုက်ခဲ့ပေါ့ဟာ နော်ငါတို့သူငယ်ချင်းတွေစုံစုံလေးသွားကြရအောင်''
''အဲ့တာဆိုလဲလိုက်ခဲ့မယ်လေ''
''ရေးးး သွားမယ်သွားမယ်လာလာ''
ထိုသူငယ်ချင်းတသိုက်ရှေ့ကသွားမှ ကောင်လေးကထလာပြီး ကောင်မလေးလက်ကိုဆွဲလို့ သူငယ်ချင်းများနောက်ကို ပြေးလိုက်သွားကြတယ်
''စောစောစီးစီးကွာ ဘာတွေလောနေတာလဲ ကှောငှးတကဖှို့ကအဝေးကှိီးပါ''
''အဲ့တာတော့သိတာပေါ့ကွ ငါရိအာလေးကိုပေးစရာရှိလို့ပါ''
''ဟေ့ကောင် မင်းတို့ကလွန်တယ်ကွာ''
''ဟားဟား..''
''မရယ်နဲ့ ကွ ငါပြောတာမဟုတ်လို့လား မင်းတို့နှစ်ယောက်က သဲကိုသဲတယ်''
''ချစ်တာကိုးကွ မင်းချစ်ရသူမရှိသေးလို့ပါ''
''အေးပါကွာ ပြောထားအုံပေါ့''
''လာလာဟိုမှာ ရိအာတို့သူငယ်ချင်းတွေ''
''ဟိုမှာမင်းရိအာလေးကောရှိတယ်''
ရိအာကလှသည် ရိုးရိုးအေးအေးလေးနေတက်သူဖြစ်ပြီး အမြဲပြုံးနေတက်တယ် အစိမ်းရောင်ကိုသူမနှစ်သတ်တယ်
ရှောင်ပိုင်သူမကိုမြတ်နိုးတယ်၊ဒီဘဝတင်မကဘူး နောက်ဘဝတွေအထိပါ သူမကို ပိုင်ဆိုင်ချင်ပါတယ်
ချစ်သူလေးအနားကိုရှောင်ပိုင်တိုးတိုးလေးကပ်သွားပြီး ရိအာရဲ့လွယ်အိပ်လေးထဲကို စာရွက်အစမ်းရောင်လေး ထည့်ပေးလိုက်သည်
ထိုအခြင်းရာကိုရိအာသိသွားတော့ ရှက်ပြုံးလေးပြုံးပြီးမျက်နှာလေးလွဲသွားတယ်
**********************************************
YOU ARE READING
အတိတ်ဖူးစာ