Uni
အဟွတ်...အဟွတ်...အဟွတ်
-နေမကောင်းဘူးလားအကို အခုတစ်လောဘာလို့ချောင်းတွေအရမ်းဆိုးနေတာလဲ...
-အအေးမိနေလို့ပါ ဆေးသောက်လိုက်ရင်သက်သာသွားမှာပါ..
-ဒါနဲ့ဘယ်သွားမလို့လဲအကို...
-သမီးလေးကိုသွားကြည့်မလို့လေ...
-ကျွန်မလဲလိုက်မယ်လေ သမီးလေးကိုလွမ်းလို့ပါ ပထမရက်ကပဲတွေ့လိုက်ရတာ နောက်ရက်တွေအကိုက ကျွန်မကိုမခေါ်ပဲတစ်ယောက်ထဲထွက်ထွက်သွားတယ်...
-မင်းက အချိန်မရွေးတွေ့လို့ရပါတယ်ကွာ...ကိုယ်သွားပြီ...လီဆာ့အဖေဟာ ဆော့ဘင်းစိစဥ်ပေးထားတဲ့ ဂျစ်ကားအစိမ်းရောင်လေးနဲ့အတူ လီဆာရှိရာဆေးရုံကိုရောက်လာခဲ့တယ်...ဆေးရုံရှေ့ကားပါကင်မှာကားထိုးပြီး အထဲဝင်ဖို့အပေါက်ဝရောက်တော့...
-ရောက်နေပြီလားအန်ကယ်...
-သွားရအောင်...ဂျန်းနီနဲ့အတူလီဆာ့အဖေဟာ ဆေးရုံအုပ်ကြီးအခန်းထဲဝင်သွားသည်...လီဆာ့အဖေဟာ အဆုပ်ကင်ဆာနောက်ဆုံးအဆင့်ရောက်နေပြီ သူဟာသေမယ့်သူဖြစ်ပေမဲ့ သူ့သမီးအသက်ကိုတော့ကယ်ချင်တာကြောင့် လီဆာ့ကိုရှာလို့တွေ့တွေ့ခြင်းမှာပဲ ဂျန်းနီကိုနှလုံးအစားထိုးဖို့ကိစလာပြောခဲ့တယ်....သူ့သမီးအတွက်သူ့ရဲ့နှလုံးကိုအစားထိုးကုသဖို့လာပြောခဲ့တယ်...ဂျန်းနီပျော်ရွှင်ခဲ့ပေမယ့် လီဆာသာဒါကိုသိရင် သူ့ကိုမုန်းသွားမှာကိုကြောက်နေခဲ့တယ်...
ဂျန်းနီတို့ဆရာဝန်ကြီးအခန်းထဲကနေထွက်လာခဲ့ပြီး လီဆာ့အခန်းကိုလာခဲ့ကြတယ် ဒီနေ့လဲအရင်လိုပဲ ဆေးအရှိန်တွေကြောင့်အိပ်ပျော်နေတဲ့လီဆာ....ချယ်နဲ့ဂျီက ဂျန်းနီတို့ဝင်လာတာတွေ့လို့ နေရာကနေထပေးလိုက်တယ်...
လီဆာ့အဖေဟာ လီဆာ့ကုတင်ဘေးမှာဝင်ထိုင်လိုက်ပြီး လီဆာ့လက်လေးကိုပိုင်ထားခဲ့တယ်...ခဏလောက်နေတော့တင်းထားသမျှမျက်ရည်တွေကထိန်းမရအောင်ကျလာခဲ့တယ်....
ဖေဖေတောင်းပန်ပါတယ် ဒီစကားကလွဲပြီး ဖေဖေမှာပြောစရာမရှိတော့ဘူးသမီးလေး... ဖေဖေလဲသေရမယ့်လူပဲ ဒါပေမဲ့ သမီးလေးကို ဖေဖေချုပ်ချယ်မှုတွေမရှိတဲ့အရပ်မှာအကြာကြီးနေစေချင်သေးတယ်...ဆက်ဆက်အသက်ရှင်ပြီးပျော်အောင်နေပါသမီးလေး.....သမီးမေမေလဲဖေဖေဒီလိုလုပ်တာကိုမသိဘူး...ပြီးတော့ ဒီကလေးမကလဲဖေဖေအကူညီတောင်းလို့ လက်ခံခဲ့တာပါ သူ့ကိုလဲအပြစ်မတင်ပါနဲ့....မေမေကိုလဲဖေဖေကတစ်ယောက်ထဲထားခဲ့ရလို့ တောင်းပန်ပါတယ် လို့ပြောပေးနော်သမီးလေး သမီးလေးသိလား...ဖေဖေကလေ သမီးကိုသိပ်ချစ်လွန်းလို့ ရွေးချယ်မှုတွေမှားခဲ့မိတာ သမီးလေးကိုအခုလိုဖြစ်စေခဲ့မိတာ အကုန်ဖေဖေအပြစ်တွေပါ....သမီးလေးကို ပျော်ရွှင်အောင်မထားပေးနိုင်ခဲ့ဘူး ဖေဖေမရှိတော့ပေမဲ့ သမီးလေးပျော်နေတာကို ဖေဖေကြည့်နေပါ့မယ် ဒါကြောင့်ဒီမှာကျန်ခဲ့ပြီးပျော်အောင်နေရမယ်နော်သမီးလေး...ချစ်တယ်သမီးလေး...ဒါကဖေဖေထုပ်မပြောနိုင်ခဲ့တဲ့ ရင်ထဲကစကားတစ်ခွန်းပဲ...ချစ်တယ်လီလီလေး...ဖေဖေလီလီလေးကိုသိပ်ချစ်တယ်💔

YOU ARE READING
Our destiny 🌼🤍(complete)
Romanceဇာတ်ကောင်စရိုက်။ ။ မိဘတွေရဲ့ ထိန်းချုပ်မှုအောက်မှာ စိတ်ဆင်းရဲမှုတွေနဲ့အတူရှင်သန်နေရတဲ့ လီဆာ......🌻 မိဘကိုအားမကိုးပဲ တစ်ယောက်ထဲရပ်တည်နေပြီး ငွေရှိ ဂုဏ်ရှိ အကြင်နာတရားရှိပြီး သိပ်ကိုစွဲလမ်းဖို့ကောင်းတဲ့မိန်းကလေး ဂျန်းနီကင်မ်..... ဒီဇာတ်လမ်းလေးက 199...