Uni
လီဆာ့အဖေနဲ့အမေ paris ကိုရောက်တာနဲ့ လီဆာ့ကိုလိုက်ရှာခဲ့ကြတယ် လီဆာနေတဲ့နေရာကိုလဲသိခဲ့ကြတယ် ဟန်ဆော့ဘင်းကအဆက်အသွယ်ကောင်းတွေရှိတာမို့အချိန်ခဏလေး အတွင်းမှာပဲ လီဆာအကြောင်းတွေအကုန်လုံးသိခဲ့ရတယ်...
လီဆာ့ရောဂါဟာ နှလုံးအစားထိုးမှရတော့မယ်အကြောင်း ကိုပါ သိခဲ့ကြသည်...လီဆာ့ရဲ့အဖေဟာ မျက်ရည်တွေကျလျက် အိမ်ကြီးရဲ့ အပြင်ကနေလီဆာမမြင်နိုင်တဲ့နေရာမှာနေပြီး လီဆာ့ကိုကြည့်နေခဲ့တယ်...
လီဆာက ဂျန်းနီမီးဖိုချောင်ထဲဝင်နေတာမို့ ပြတင်းပေါက်ကနေအပြင်ကိုကြည့်နေခဲ့တယ်...သငမရဲ့အဖေကြည့်နေတာကိုတော့မတွေ့နိုင်ပေ....
-သမီးလေး.....ဖေ..ဖေဖေတောင်းပန်ပါတယ် အခုလိုဖြစ်ရတာဖေဖေကြောင့်ပါ သမီးကိုကောင်းစေချင်ခဲ့လို့ မှာယွင်းတဲ့လုပ်ရက်ကိုလုပ်ခဲ့မိတာပါ....ဖေဖေကသမီးကို ကြောက်အောင် ပြီးတော့ ဒီရောဂါဆိုးကြီးဖြစ်အောင်လုပ်ခဲ့တဲ့ တရားခံပါ ဖေဖေကိုခွင့်မလွှတ်ပါနဲ့သမီးရယ်....
လီဆာ့အဖေဟာ တစ်ယောက်ထဲစကားတွေပြောရင်း ငိုနေခဲ့တယ် သူလုပ်ခဲ့တဲ့လုပ်ရပ်တွေကိုနောင်တရနေခဲ့သည်....
**ဖခင်တစ်ယောက်ရဲ့သားသမီးကိုကောင်းစေချင်တဲ့ဆဒကမှန်ပေမဲ့ ရွေးချယ်မှုမှားသွားရင်တော့ ကိုယ်မြတ်နိုးတဲ့အရာကိုပါဆုံးရှုံးသွားနိုင်ပါတယ်....**
-လီလီ မနက်စာစားပြီးဆေးသောက်ရအောင်...
-ဟုတ်ကင်မ်..လီဆာ ဂျန်းနီယူလာတဲ့ ဆန်ပြုတ်ပန်းကန်ကိုယူကာ သောက်နေခဲ့သည်....ဒီဆန်ပြုတ်တွေကိုမုန်းနေပြီကင်မ်....ဒါပေမဲ့ ကင်မ်ကိုယ်တိုင်လုပ်ပေစထားတာမို့ လီလီကမုန်းပေမဲ့လဲချစ်တယ်
ကင်မ် ....ကင်မ်နဲ့ပတ်သက်သမျှအားလုံးကိုချစ်တယ်...ကင်မ်ထိတွေ့သမျှအားလုံးကိုချစ်တယ်...ကင်မ့်ကိုလဲချစ်တယ်....ပေါင်းဖက်ဖို့ကံပါလာရင်တော့ ပေါင်းဖက်ရမှာပါ အဲ့လိုပဲ ဝေးဖို့အတွက် ခွဲရဖို့အတွက်ကံပါလာခဲ့ရင်လဲ ငြင်းမရပြန်ဘူးကင်မ်...
ကင်မ်နဲ့တွေ့ခဲ့တဲ့နေရာ ကင်မ်နဲ့တွေ့တုန်းကရွာနေတဲ့မိုး ကင်မ်ဆောင်းပေးခဲ့တဲ့ထီး အရာရာတိုင်းကတစ်ချိန်ချိန်မှာ အမှတ်တရအဖြစ်နဲ့ ထင်ထင်ရှားရှားကျန်နေခဲ့မှာလားကင်မ်...

YOU ARE READING
Our destiny 🌼🤍(complete)
Romanceဇာတ်ကောင်စရိုက်။ ။ မိဘတွေရဲ့ ထိန်းချုပ်မှုအောက်မှာ စိတ်ဆင်းရဲမှုတွေနဲ့အတူရှင်သန်နေရတဲ့ လီဆာ......🌻 မိဘကိုအားမကိုးပဲ တစ်ယောက်ထဲရပ်တည်နေပြီး ငွေရှိ ဂုဏ်ရှိ အကြင်နာတရားရှိပြီး သိပ်ကိုစွဲလမ်းဖို့ကောင်းတဲ့မိန်းကလေး ဂျန်းနီကင်မ်..... ဒီဇာတ်လမ်းလေးက 199...