part-14

1K 59 8
                                    

Uni

-ဘယ်လိုလဲ ဆော့ဘင်း တွေ့ခဲ့လား...

မနက်မိုးလင်းလို့ ဟန်ဆော့ဘင်း အိမ်ရောက်လာတာနဲ့ အပေါ်ထပ်ကနေပြေးဆင်းပြီးမေးလာတဲ့ လီဆာ့ရဲ့အဖေ
ဂျွန်ဟန် ကိုဆော့ဘင်းမြင်ယုံနဲ့ သားသမီးကိုဘယ်လောက်တောင်စိတ်ပူနေလဲသိပါတယ်...

-ဟုတ်ကဲ့ အန်ကယ် တွေ့ခဲ့ပါတယ် အဲ့ဒါက...
-ဘယ်မှာတွေ့ခဲ့တာလဲ အန်ကယ့်ရဲ့သမီးကို ဘယ်မှာတွေ့ခဲ့တာလဲမြန်မြန်ပြောပါကွာ...
-ဟို...ဟို... paris ကိုသွားတဲ့လေယာဥ်ခရီးသည်တွေရဲ့နာမည်စရင်းထဲမှာပါ အန်ကယ်...
-ဘာ!

လီဆာ့အဖေဟာ ထိပ်လန့်သွားပြီး ကြမ်းပြင်ပေါ်ထိုင်ချလိုက်တယ် ဒီအချိန် လီဆာ့အမေကရောက်လာပြီး....

-အကို အဆင်ပြေရဲ့လား အခုတစ်လော အကိုဘာတွေဖြစ်နေတာလဲ....
-အကိုအဆင်ပြေပါတယ်... ဆော့ဘင်း အန်ကယ့်ကို paris သွားဖို့လေယာဥ်လက်မှတ်စိစဥ်ပေးပါလား....
-အကိုတစ်ယောက်ထဲမဖြစ်ပါဘူး ကျွန်မပါလိုက်မယ် သား လက်မှတ်ကိုနှစ်စောင်ဖြတ်လိုက်နော်....
-ဟုတ်ကဲ့ပါ အန်တီ ဒါဆိုကျွန်တော်သွားလိုက်ပါအုန်းမယ်...

ဆော့ဘင်းထွက်သွားပေမဲ့ လီဆာ့ရဲ့အဖေဟာ ကြမ်းပြင်ပေါ်ကနေမထနိုင်သေးပါဘူး သူ့ရဲ့ပုံစံက ရောဂါသည်တစ်ရောက်လို နွမ်းလျ နေခဲ့တယ် အားမရှိပေမဲ့ သမီးဖြစ်သူကိုစိတ်ပူတဲ့အတွက် paris ကိုသွားဖို့သူဆုံးဖြတ်ခဲ့တယ်....

------------------------------------------------------------------

လီဆာမနက်နိုးလာတော့ ဂျန်းနီကိုမတွေ့တာကြောင့် နေရာအနှံံ့လိုက်ရှာနေခဲ့တယ်....ေတွ့ပါပြီ သူမရဲ့ချစ်ရပါသောအမျိုးသမီးကို... ခြံနောက်က ဒေစီခင်းကြီးကိုငေးကြည့်ပြီးကျောပေးထားတယ်...လီဆာအနားကိုကပ်သွားတော့ ရှုိက်သံသဲ့သဲ့လေးကိုကြားလိုက်တယ်....ဒီအမျိုးသမီး ငိုနေပြန်ပြီ
လီဆာ့ကြောင့်နဲ့ ကင်မ်မျက်ရေကျနေရပြီ လီဆာ ကင်မ်ငိုတဲ့အချိန်တိုင်း ကိုယ့်ကိုကိုယ်သိပ်မုန်းတာပဲ ကင်မ်....ကင်မ်မျက်ရည်တွေကျတိုင်း လီဆာလဲနာကျင်ရတယ် ကင်မ်ကသိပ်ရက်စက်တာပဲ လီဆာနာကျင်ရအောင်ခဏခဏငိုနေတယ်....

Our destiny 🌼🤍(complete) Where stories live. Discover now