Uni
နောက်နေ့မနက်ရောက်တော့ ဂျန်းနီနဲ့လီဆာ ဆေးရုံကိုသွားခဲ့ကြတယ် ဒီရက်ထဲလီဆာနှလုံးအောင့်တာ ပိုပြီးများလာတယ်လေ ဒါက ခနခနဖြစ်နေတော့ မကောင်းတော့ဘူးဆိုတာသိတယ် ဒါကြောင့်ဆေးရုံကိုလာလိုက်တာ ဒါတောင် လီလီကမသွားချင်ဘူးလုပ်နေလို့ မနဲပြောပြီးခေါ်လာရတယ်....
လီလီရောဂါကို ကင်မ် သိသွားရင် စိတ်မကောင်းဖြစ်နေတော့မှာ ဒါကြောင့်လီလီကဆေးရုံမသွားချင်တာ ဒါပေမဲ့ ကင်မ်ကစိတ်ဆိုးမှာဆိုတော့ ဆေးရုံကိုလိုက်လာခဲ့ရတယ်....
ဆေးရုံရောက်တော့ ဆရာဝန်တွေက လီလီကိုစမ်းသပ်နေကြတယ် အဆင်ပြေမှာပါလို့ပဲတွေးလိုက်တယ် ဒါပေမဲ့ ဆရာဝန်ပြောလိုက်တဲ့စကားကြောင့် ဂျန်းနီမှာ ဘာမှတောင်ပြန်မပြောနိုင်တော့လောက်အောင်အံ့ဩသွားရတယ်...
-လူနာက နှလုံးအားနည်းတာကြာပြီထင်တယ် ဒီပုံစံအတိုင်းဆိုရင် နှလုံးအစားထိုးကုသမှရမှာ အဲ့လိုမဟုတ်ဘူးဆိုရင်တော့ အလွန်ဆုံးနေရ တစ်နှစ်လောက်ပဲဖြစ်လိမ့်မယ် ....
-ရှင်!
-ကျွန်တော်တို့ဘက်ကလဲ တတ်နိုင်သလောက် နှလုံးအလှူရှင်ကိုစုံစမ်းပေးပါ့မယ် လူနာရှင်ဘက်ကလဲ စုံစမ်းလိုက်ပါ ဒီလိုပြောရတဲ့အတွက်တော့စိတ်မကောင်းပါဘူး ဆရာတို့ကိုခွင့်ပြုပါအုန်း...
ဆရာဝန်တွေသာထွက်သွားပေမဲ့ ဂျန်းနီအဲ့နေရာမှာတင် မလှုပ်မရှက် ရပ်ကျန်နေခဲ့တယ်...
ဘာလို့လဲ လီလီ ဘာလို့ လီလီမှအခုလိုဖြစ်ရတာလဲ လီလီကိုတို့အဆုံးရှံးမခံနိုင်ဘူး နှလုံးအလှူရှင်ကို တို့ရအောင်ရှာပြီး လီလီ့ကိုတို့အနားမှာအကြာကြီးနေနိုင်အောင်ထားပေးမယ်လီလီ...
ဂျန်းနီအခန်းထဲပြန်ဝင်လာတော့ လီဆာက မျက်နှာမကောင်းစွာနဲ့လှမ်းပြောလိုက်တယ်...
-ကင်မ်သိလား ကင်မ်စိတ်ဆင်းရဲမှာကြောက်လို့ ဆေးရုံကိုမလာချင်တာကို အခုလိုသိလိုက်ရတော့ ကင်မ်စိတ်ဆင်းရဲရပြီမလား..
-ဟင့်အင်း တို့လီလီ့ကိုရအောင်ကယ်မှာ နှလုံးအစားထိုးဖို့အတွက်အလှူရှင်ကိုတို့ကရအောင်ရှာပေးမှာ ဒါကြောင့်လီလီကအခုချိန်ကစပြီးဆေးတွေပုံမုန်သောက်ရမယ် အလှူရှင်တွေ့တာနဲ့ ခွဲစိတ်မှုကိုလုပ်ရမယ် ပြီးရင်တို့အနားမှာအကြာကြီးရှိနေပေးရမယ်....

YOU ARE READING
Our destiny 🌼🤍(complete)
Romanceဇာတ်ကောင်စရိုက်။ ။ မိဘတွေရဲ့ ထိန်းချုပ်မှုအောက်မှာ စိတ်ဆင်းရဲမှုတွေနဲ့အတူရှင်သန်နေရတဲ့ လီဆာ......🌻 မိဘကိုအားမကိုးပဲ တစ်ယောက်ထဲရပ်တည်နေပြီး ငွေရှိ ဂုဏ်ရှိ အကြင်နာတရားရှိပြီး သိပ်ကိုစွဲလမ်းဖို့ကောင်းတဲ့မိန်းကလေး ဂျန်းနီကင်မ်..... ဒီဇာတ်လမ်းလေးက 199...